(Zawgyi)
အခန္း(၁)ဖူးစာႀကိဳးျပာနတ္မင္း လန္႔ခ်င္နဲ႔
ယပ္ေတာင္နီတစေၧသတို႔သမီး
ရွန္တိုင္းျပည္|ပိုးလမ္းမႀကီး၏တစ္ေနရာတြင္
တည္ရွိေသာ လက္ဖက္္ရည္ဆိုင္ငယ္ေလး၏
စားပြဲတြင္ လူအခ်ိ ဳ႕စုရံုးေနၾကသည္။
"ဒီပိုးလမ္းမႀကီး ဘယ္လိုစၿပီးျဖစ္တည္လာလဲ
မင္းတို႔႔သိၾကလား "
စားပြဲေဘးတြင္ထိုင္ခံုတစ္လံုးသာရွိကာ
အသက္အရြယ္ရေနၿပီျဖစ္သည့္
ေယာက်္ားတစ္ဦးထိုင္ေနၿပီး စားပြဲပတ္လည္
တြင္ေတာ့ အေယာက္ႏွစ္ဆယ္ေက်ာ္မည့္
အသက္အရြယ္စံုလူေတြက ေျမႀကီးေပၚမွာ
တစ္ဖံု|ထိုင္ခံုေပၚမွာတစ္ဖံု ထိုင္ေနၾကသည္။
ေျမႀကီးေပၚမွာ ထိုင္ေနသည့္ ဆယ္ေက်ာ္သက္
ေကာင္ေလးတစ္ေယာက္က အဖိုးႀကီး၏
စကားကိုျပန္ေျဖလိုက္သည္။
"က်ြန္ေတာ္သိတယ္...ရွန္တိုင္းျပည္ကို
တည္ေထာင္ခဲ့တဲ့ ပထမရွန္ဘုရင္က
ရွန္ျပည္နဲ႔ အေနာက္အရပ္က
တိုင္းျပည္ေတြၾကား ကုန္သြယ္ေရးပိုေကာင္းဖို႔
အတြက္ ေဖာက္လုပ္ခဲ့တာ "
"မွန္တယ္ ဒါေပမဲ့အျပည့္အစံုေတာ့မဟုတ္ဘူး။
လြန္ခဲ့တဲ့ ႏွစ္ေပါင္းသံုးရာေက်ာ္တုန္းက
ပထမရွန္ဘုရင္ က ေဖာက္လုပ္ခဲ့တာ
ဟုတ္တယ္။ဒါေပမဲ့ရွန္ဘုရင္ကို
ပိုးလမ္းမေဖာက္ဖို႔ အႀကံေပးခဲ့တဲ့သူက
တတိယမင္းသားပဲ "
လူငယ္၏အေဖျဖစ္ဟန္တူသူက
အဖိုးအိုကို ျပန္ျငင္းလိုက္သည္။
"အဲ့တာ ဘာမ်ားထူးျခားလို႔လဲ။
မင္းသားကအႀကံေပးလို႔ ဘုရင္က
လမ္းေဖာက္တာဘာစိတ္ဝင္စားစရာရွိလို႔လဲ"
အဖိုးအိုက မရွိသည့္မုတ္ဆိတ္ေမြးေတြကို
ပြတ္သပ္ရင္း "ရွိတာေပါ့ကြ...
ငါေျပာတာဆံုးေအာင္နားေထာင္
တတိယမင္းသားကလည္း ဒီအႀကံကို
သူကိုယ္တိုင္ရခဲ့တာမဟုတ္ဘူး။
တတိယမင္းသားက အေနာက္ဘက္မွာ
ရွိတဲ့ ခ်ီ ျပည္ကို သံတမန္အျဖစ္နဲ႔သြားၿပီး
ျပန္လာတဲ့လမ္းမွာ ေကာင္းကင္ကက်လာတဲ့
လူ တစ္ေယာက္နဲ႔ေတြ႔ခဲ့ရတယ္။
ဒီလူကပဲ မင္းသားကိုအႀကံေပးခဲ့တာ "
"မျဖစ္ႏိူင္လိုက္တာ...ေကာင္းကင္က
က်လာတယ္ဟုတ္လား...အဲ့လူက
နတ္မင္းမို႔လို႔လား"
"ေကာင္ေလး မင္းမွန္တယ္...သူက နတ္မင္းပဲ
ဒီအေၾကာင္းကို တတိယမင္းသား
စပ္ဆိုခဲ့တဲ့ကဗ်ာတစ္ပုဒ္ေတာင္ရွိေသးတယ္။
ငါရြတ္ျပမယ္...အဟမ္း...အဟမ္း...အာ
"မိုးျပာနဂါးရဲ႕ေၾကးခြံခ်ပ္ဝတ္
ေက်ာက္စိမ္းဧကရာဇ္ခ်ီ းျမင့္တဲ့
က်ာက်ဲ႕(မိစၧာႏိူင္)ဓားကိုင္ေဆာင္ကာ
စာဖြဲ႔မရႏိူင္ဖြယ္ အံ့မခန္းခံ့ညားမႈနဲ႔
ၾကမ္းၾကဳတ္ေသာမိစၧာနဂါးနက္ကို
ဓားတစ္ခ်က္ျဖင့္ႏွိမ္နွင္းခဲ့သည္
ေကာင္းကင္ဘံုမွ မိုးျပာနတ္လုလင္
-ခ်ီလင္းသကၠရာဇ္ ၇၁၂ ခုႏွစ္ "
"ခင္ဗ်ားဟာ ယံုရမွာလည္းခက္ခက္ပဲ"
"မင္းမယံုရင္ ခ်ီျပည္ကို ကိုယ္တိုင္
သြားၾကည့္လို႔ရတယ္။ခ်ီျပည္ရဲ႕နယ္ဖ်ားက
နန္႔ဟိုင္ရွာ့လိုင္(နတ္လုလင္ဆင္းသက္ေသာ)
ေတာင္တန္းမွာ သူနဲ႔တတိယမင္းသား
ေတြ႔ခဲ့တဲ့ေနရာမွာ တည္ေထာင္ထားတဲ့
ရွာ့လိုင္ရြာဆိုတာရွိတယ္။ငါေျပာတာ
အမွန္ပဲ "
"ခင္ဗ်ားေျပာတာအမွန္ပဲ ထားလိုက္ပါေတာ့။
ဒါဆို အဲ့ ဖ်င့္လိုင္ယြင္ေရွာင္တိ
(မိုးျပာနတ္ဘုရားလုလင္)ဆိုတာ
ဘာနတ္လည္း။က် ဳပ္အသက္
သံုးဆယ့္ငါးႏွစ္ရွိၿပီ။တခါမွမၾကားဖူးဘူး"
ေကာင္ေလးရဲ႕အေဖက ေရေႏြးတစ္ခြက္
ေမာ့ေသာက္ရင္းေျပာလိုက္၏။
အဖိုးအိုက သူ၏အက်ီ ၤလက္ထဲကေန
ေခါက္ယပ္ေတာင္ေဟာင္းတခုကိုထုတ္ၿပီး
တဖ်တ္ဖ်တ္ခတ္ကာၿပံဳးလိုက္၏။
"မင္းတို႔ လူငယ္ဘဝတုန္းက ၾကားခဲ့ဖူးမွာ
ေသခ်ာတယ္ "
အဖိုးအို၏စကားေၾကာင့္ နားေထာင္ေနတဲ့
လူတိုင္းနားမလည္ႏိူင္ျဖစ္သြားရသည္။
"ဖူးစာႀကိဳးျပာနတ္မင္း-လန္႔ခ်င္ "
အဖိုးအိုစကားကိုနားေထာင္ေနသူတိုင္း
အံ့ၾသသြားၾကသည္။သူတို႔၏မ်က္ႏွာေတြကေတာ့မယံုၾကည္ႏိူင္ဟန္အတိုင္းသားပင္။
"လန္႔ခ်င္က အဲ့ေလာက္အစြမ္းထက္လို႔လား"
"မျဖစ္ႏိူင္လိုက္တာ လန္႔ခ်င္ေပၚလာတာက
ႏွစ္ႏွစ္ရာေလာက္ပဲရွိဦးမယ္။ခင္ဗ်ားေျပာတဲ့
မိုးျပာနတ္လုလင္က ႏွစ္သံုးရာေက်ာ္ကဆို"
"လန္႔ခ်င္က က် ဳပ္တို႔ေယာက်္ား
ေတာ္ေတာ္မ်ားမ်ားရဲ႕ ေက်းဇူးရွင္နတ္မင္းပဲ"
"ဟုတ္တယ္ ဟုတ္တယ္ ငါ့မိန္းမကို
ငါလိုက္တာ သံုးႏွစ္သာၾကာသြားတယ္။
သူငါ့ကိုျပန္္မႀကိဳက္ဘူး။လန္႔ခ်င္ကို
ပူေဇာ္ပသၿပီးဆုေတာင္းလိုက္ကာမွပဲ
ငါ့ကိုျပန္ႀကိဳက္ေတာ့တယ္။ခုဆို ကေလး
ငါးေယာက္ေတာင္ရေနၿပီ "
"ခင္ဗ်ားေတာ္ေတာ္ စြမ္းတာပဲ "
"ဟား ဟား မဝံ့ရဲပါဘူး မဝံ့ရဲပါဘူး "
"လန္႔ခ်င္က အဲ့ေလာက္ေတာင္စြမ္းတယ္လား
သူ႔ကိုပူေဇာ္တာနဲ႔ ကိုယ္ႀကိဳက္ေနတဲ့
ေကာင္မေလးက ကိုယ့္ကိုျပန္ႀကိဳက္
လာမယ္ေပါ့"
ေကာင္ေလးက သူ႔အေဖကို စိတ္လႈပ္ရွားစြာ
ေမးလိုက္သည္။
"အဲ့လိုေတာ့လည္းမဟုတ္ဘူးကြ "
ထိုစဥ္ အနည္းငယ္ႏူးညံ့သည္ဟုဆိုႏိူင္သည့္
အသံတစ္သံၾကားရ၍ လွည့္ၾကည့္လိုက္ရာ
အနီးနားကစားပြဲဝိုင္းတြင္ထိုင္ေနသည့္
ေယာက်္ားငယ္တစ္ေယာက္ကိုေတြ႔လိုက္
ရသည္။
မိုးျပာေရာင္ဝတ္စံုကိုဝတ္ဆင္ထားၿပီး
ေကာင္းကင္နဲ႔တိမ္တိုက္ပန္းခ်ီေရးဆြဲထားသည့္
ေခါက္ယပ္ေတာင္ကိုကိုင္ထားသည့္အသြင္က
အင္မတန္ေခ်ာေမာခန္႔ညားလွ၏။
ထိုအခ်ိန္ ေကာင္ေလးေတြးမိလိုက္သည္က
ငါသာ မိန္းကေလးဆို ဒီအကိုႀကီးကို
ႀကိဳက္မိေလာက္တယ္...ဟူ၍ပင္။
"အာ့ဆို လန္႔ခ်င္က ဘယ္လိုလည္း အကိုႀကီး"
လူငယ္က ၿပံဳးလိုက္ရာ ေကာင္ေလးအပါအဝင္ အနားကလူတိုင္းေတြးမိလိုက္သည္က
သူတို႔တြင္သာ ညီမရွိပါက ဒီေကာင္နဲ႔
မေတြ႔မိေစရန္ဟူ၍ျဖစ္သည္။
"လန္႔ခ်င္က ဖူးစာေရးကူညီေပးတယ္
ဆိုေပမဲ့လည္း သူက တစ္ေယာက္နဲ႔တစ္ေယာက္ႀကိဳက္ေနေပမဲ့ မဝံ့မရဲျဖစ္ေနတာမ်ိ ဳးမွသာ
ကူညီေပးႏိူင္တာ။ေနာက္ထပ္အေရးပါတဲ့
အခ်က္က အခ်စ္စစ္ရမယ္...အေပ်ာ္ႀကံခ်င္လို႔
ႀကိဳက္တာမ်ိ ဳးမရဘူး...ဒါ့အျပင္
အခ်စ္စစ္ေပမယ့္လည္း သာမန္ျပည္သူနဲ႔
ဘုရင့္သမီးေတာ္မ်ိ ဳးက်ရင္လည္း
ကူညီေပးႏိူင္မွာမဟုတ္ဘူး။ဒါကလည္း
ပံုျပင္ထဲပဲရွိတာပါကြာ "
"ေနာက္ၿပီး သူ႔ကို ဖူးစာႀကိဳးျပာနတ္မင္း
လို႔သာေခၚၾကတာ သူ႔ကိုယံုၾကည္သူေတြ
ဝတ္တဲ့ႀကိဳးက အမွန္တကယ္ေတာ့
မိုးျပာေရာင္ကြ...ဖူးစာမိုးျပာႀကိဳးဆိုတာထက္
ဖူးစာႀကိဳးျပာဆိုတာက ပိုေခၚေကာင္းေတာ့
ေနာက္ပိုင္းလူေတြက ေသခ်ာမသိဘဲ
အျပာေရာင္ပိုးႀကိဳးေတြ ခ်ည္ႀကိဳးေတြပဲ
ဝတ္ေနၾကေတာ့တာပဲ "
ခုနက ကေလးငါးေယာက္ရွိသည္ဆိုသူက
လူငယ္ကို မယံုၾကည္ႏိူင္စြာ ေမးလိုက္သည္။
"ဒါဆို မင္းေျပာခ်င္တာ ငါ့မိန္းမက
ငါ့ကိုအစကတည္းက သေဘာက်ေပမယ့္
မဝံ့မရဲျဖစ္ေနတာေပါ့ ဟုတ္ပါ့မလားကြာ"
"ခင္ဗ်ား အခုဘာအလုပ္လုပ္လည္း "
"ကုန္သည္ေလ "
"ခင္ဗ်ားမိန္းမနဲ႔မယူခင္ကေရာ "
"အဲ ငါဘာမွေရေရရာရာအလုပ္မရွိဘူး
လက္ထပ္ၿပီးမွ ငါ့မိန္းမက ငါ့ကို
ကုန္သည္လုပ္ခိုင္းလို႔ လုပ္ရင္းနဲ႔ပဲ
ကုန္သည္ျဖစ္လာတာ "
"ဒါပဲေလ ခင္ဗ်ားက အလုပ္မယ္မယ္ရရ
မရွိမွေတာ့ သူကခင္ဗ်ားကိုႀကိဳက္ရင္ေတာင္
အနာဂတ္အေရးေတြးၿပီး ဝန္ေလးေနမိမွာ။
ဒါေပမဲ့ ေနာက္ေတာ့ သူကခင္ဗ်ားနဲ႔
လက္ထပ္ၿပီး ခင္ဗ်ားဘဝကို
လမ္းျပေပးတယ္ေလ။ဒါဘယ္သူ႔ေၾကာင့္
ထင္လဲ "
"လန္႔ခ်င္ "
"ေသခ်ာတာေပါ့ "
"ဒုန္း "
လူငယ္က စားပြဲကိုပင္ လက္ဝါးနဲ႔ရိုက္ခ်လိုက္
ရာ ဆိုင္ရွင္က လွည့္ၾကည့္လာသည္။
"က်ိ ဳးသြားမယ္ဟ က်ိ ဳးရင္ေလ်ာ္ရမယ္"
ဆိုင္ရွင့္စကားေၾကာင့္ လက္ကို
အသာျပန္ခ်လိုက္ရသည္။
"ဒါဆိုအကိုႀကီး..." ေကာင္ေလးက
ဆက္ေျပာခ်င္ေပမဲ့ သူ႔အေဖကိုၾကည့္ကာ
ပါးစပ္ပိတ္လိုက္သည္။
"ဘာလဲ...ညီေလး မင္း ခ်မ္းသာတဲ့မိသားစုက
သခင္မေလးတစ္ေယာက္ေယာက္ကို
ႀကိဳက္ေနတာမ်ားလား "
အေဖျဖစ္သူကပါ သူ႔သားကို
စိတ္ဝင္တစားလွည့္ၾကည့္လာေတာ့သည္။
"ဧကႏၲမဟုတ္မွလြဲေရာ ယုမိန္းကေလးလား"
ေကာင္ေလးကျပန္မေျဖဘဲ တိတ္ဆိတ္ေန၏။
ဆိတ္ဆိတ္ေနျခင္းမည္သည္ဝန္ခံျခင္းမည္၏
ဆိုသည္ကို သေဘာေပါက္သည့္
အေဖျဖစ္သူက သူ႔သားကိုၾကည့္၍
သက္ျပင္းခ်လိုက္သည္။
"ဟူအာ ယုအိမ္ေတာ္က မင္းတို႔ႏွစ္ေယာက္
ခင္မင္တာေလာက္ပဲၾကည္ျဖဴႏိူင္မွာ။
ခ်စ္ႀကိဳက္တာကိုေတာ့ ဘယ္နည္းနဲ႔မွ
လက္ခံမွာမဟုတ္ဘူး "
"အေဖ က်ြန္ေတာ္ သူ႔ကို
တကယ္သေဘာက်တာ"
"အေဖနားလည္ပါတယ္..."
သားအဖႏွစ္ေယာက္က ဆက္မေျပာေတာ့ဘဲ
တိတ္ဆိတ္သြားသည္။
ေကာင္ေလးအေဖရဲ႕ေဘးမွာထိုင္ေနသူ
တစ္ေယာက္က အဖိုးအိုကို ဆက္ေျပာရန္
ေတာင္းဆိုလိုက္ရာ အဖိုးအိုက
စကားစဖို႔ရန္ ေခ်ာင္းဟန္႔လိုက္၏။
"လြန္ခဲ့တဲ့ႏွစ္နွစ္ရာဝန္းက်င္ကပဲ
နတ္ဘုရားဘံုေက်ာင္းေတြရဲ႕ ေက်ာင္းထိန္း
တိုင္းက ေကာင္းကင္ဘံုကေနသတင္းတစ္ခု
ကို လက္ခံရရွိခဲ့တယ္ "
"ဘာသတင္းလဲ "
"အေရွ႕အရပ္ရဲ႕အုပ္စိုးသူ တုန္ဖန္းက်ိရွန္
(အေရွ႕အရပ္ေနနတ္အရွင္)ရဲ႕
သားေတာ္က အျပစ္က်ဴ းလြန္လို႔
လူ႔ျပည္ကိုရာထူးခ်ခံလိုက္ရတယ္။
ေနာက္ပိုင္းမွာ သူက ဖူးစာႀကိဳးျပာနတ္မင္း
လန္႔ခ်င္ျဖစ္လာခဲ့တယ္ "
"သူက နတ္ျပည္ျပန္မတက္ရေတာ့ဘူးလား"
ေကာင္ေလးက အဖိုးအိုကိုေမးလိုက္၏။
"သူက လူ႔ျပည္မွာ လူေတြရဲ႕ဖူးစာေရးကို
ကူညီေပးဖို႔ ႏွစ္ ၅၀၀ ေတာင္အမိန္႔ခ်ခံခဲ့ရတာ။
ခုမွ ႏွစ္ ၂၀၀ ေလာက္ပဲရွိေသးတာ။
အေဝးႀကီးလိုေသးတယ္ "
"သူက ဘာအျပစ္က်် ဴ းလြန္ခဲ့တာလဲ "
အဖိုးအိုက ဆိုင္အျပင္ကိုလွမ္းၾကည့္လိုက္ၿပီး
နားေထာင္ေနသူေတြကို သူူ႔အနားကပ္ဖို႔
လက္ယပ္ေခၚလိုက္သည္။
"တခ်ိ ဳ႕ေျပာၾကတာေတာ့ သူက
ေက်ာက္စိမ္းဧကရာဇ္ရဲ႕မိဖုရားတစ္ပါးနဲ႔
ခ်စ္ႀကိဳက္မိလို႔တဲ့ "
"တခ်ိ ဳ႕ေျပာၾကျပန္တာက်ေတာ့
သူက ေက်ာက္စိမ္းဧကရာဇ္ရဲ႕
သမီးေတာ္တစ္ပါးနဲ႔အိပ္ခဲ့လို႔တဲ့ "
"ေနာက္ဆံုးတစ္ခုက
သူက သူကိုယ္တိုင္ဆင္းလာခဲ့တာတဲ့"
ထိုစကားေတြကိုၾကားၿပီးေနာက္
မိုးျပာေရာင္ဝတ္ရံုနဲ႔လူငယ္၏ မ်က္ႏွွာက
ရံႈ႕မဲ့သြားၿပီး အဖိုးအိုကို ေျပာလိုက္သည္။
"ေနာက္ဆံုး တစ္ခုပဲေနမွာပါ "
"ပထမႏွစ္ခုထဲကေရာမျဖစ္ႏိူင္ဘူးလား"
"ပထမႏွစ္ခုထဲကသာဆို ေတာ္ေတာ္အတင္း
ေျပာေကာင္းမဲ့ ဇာတ္လမ္းတစ္ပုဒ္ျဖစ္မွာပဲ"
"လူေတြကအရင္က ဖူးစာႀကိဳးနီကိုပဲ
အသံုးျပဳၾကေပမယ့္ လန္႔ခ်င္ေပၚလာၿပီးေနာက္မွ
ဖူးစာႀကိဳးျပာဆိုတာေပၚလာတာပဲ "
"က်ြ်န္ေတာ္ေတာ့သိပ္မႀကိဳက္ဘူးရယ္။
ေရွးအစဥ္အဆက္ကတည္းက
ႀကိဳးနီကိုပဲ သံုးလာတာ...သူက
အစဥ္အလာကိုဖ်က္သလိုခံစားေနရတယ္"
"ဟုတ္တယ္ ဟုတ္တယ္"
ေနာက္ေတာ့စကားဝိုင္းက တျခားေသာ
နတ္မင္းတို႔၏အေၾကာင္းအရာမ်ားဆီ
ေျပာင္းသြားျပန္သည္။
ေကာင္ေလးက ထရပ္ၿပီး ဆိုင္အျပင္ကို
ထြက္လာခဲ့သည္။
အေဝးက ရွန္ျပည္ရွိရာ အရပ္ကို
ေငးၾကည့္၍ ယုမိန္းကေလး၏ပံုရိပ္ကို
ျမင္ေယာင္လြမ္းဆြတ္မိျပန္သည္။
"ညီငယ္ေလး "
ေနာက္ကေခၚသံၾကား၍ လွည့္ၾကည့္လိုက္ရာ
ေစာနကဆိုင္ထဲမွာေတြ႔ခဲ့တဲ့ မိုးျပာေရာင္ဝတ္ရံုနဲ႔အကိုႀကီးကိုေတြ႔လိုက္ရသည္။
အကိုႀကီးက အျဖဴ ေရာင္အဝတ္ပါးစ
ကာထားသည့္ ခေမာက္ကိုဝတ္ဆင္ထားသည္။
ခါးတြင္လည္း ဓားတလက္|အိတ္ရံႈ႕ေလး
တစ္လံုးနဲ႔ဘူးသီးေျခာက္အိုးေလး
ကိုခ်ိတ္ဆြဲထားသည္။
"အကိုႀကီး "
"အရမ္းလည္းစိတ္ညစ္မေနပါနဲ႔။
အရာရာတိုင္းမွာအေၾကာင္းအရင္းဆိုတာ
ရွိတယ္။မင္းႀကိဳက္ေနတဲ့မိန္းကေလးရဲ႕
မိသားစုက မင္းကိုမၾကည္ျဖဴ တာ
ဘာအေၾကာင္းေၾကာင့္လို႔ ထင္လဲ"
"သူတို႔မိသားစုက က်ြန္ေတာ္တို႔ၿမိဳ႕ရဲ႕
အခ်မ္းသာဆံုးစာရင္းဝင္ေပမဲ့
က်ြန္ေတာ္တို႔အိမ္ကေတာ့
သာမန္ကုန္သည္ေလးပါပဲ "
ေကာင္ေလးက စိတ္ဓာတ္က်စြာ
ေျပာလိုက္သည္။
"အဓိက အခ်က္က မင္းေရွ႕မွာပဲေလ"
"က်ြန္ေတာ္နားမလည္ဘူး အကိုႀကီး"
"အာ ငါေျပာခ်င္တာကြာ
မင္းဆင္းရဲလို႔သူတို႔သေဘာမတူတာ
ဟုတ္တယ္မလား "
"အင္း "
"ဒါျဖင့္ခ်မ္းသာေအာင္လုပ္ေလ "
"ခ်မ္းသာဖို႔ အဲ့ေလာက္လြယ္ရင္
လူတိုင္းခ်မ္းသာကုန္မွာေပါ့ဗ် "
"သမိုင္းထဲက လီျပည္ဘုရင္လ်ိ ဳယု က
အခ်စ္အတြက္နဲ႔ ခ်န္ျပည္ရဲ႕
ေထာင္ေခ်ာက္ထဲကို သိသိႀကီးတိုးဝင္ခဲ့တယ္။
ႏွင္းပန္းဓားလီေခ်ာက္ဟုန္က
သူရဲ႕လက္တြဲေဖာ္ကို ကယ္တင္ဖို႔
ငရဲေခ်ာက္ကမ္းပါးက မိစၧာတစ္သိန္းနဲ႔
တိုက္ခိုက္ခဲ့တယ္။မင္းက ႏိူင္ငံတစ္ခုရဲ႕
စစ္တပ္နဲ႔တိုက္ရမွာလည္းမဟုတ္ဘူး။
မိစၧာတစ္သိန္းနဲ႔တိုက္ရမွာလည္း မဟုတ္ဘူး။
ခ်မ္းသာေအာင္ စီးပြားရွာရံုပဲေလ။
ဒါေတာင္ မလုပ္ႏိူင္ရင္ေတာ့ မင္းရဲ႕
အခ်စ္ဆိုတာက မင္းပါးစပ္က
ေလ်ွာက္ေျပာေနရံုသက္သက္ပဲ "
"က်ြန္ေတာ္ ေလ်ွာက္ေျပာေနတာမဟုတ္ဘူး
က်ြန္ေတာ္ သူ႔ကိုတကယ္သေဘာက်တာ"
ဝတ္ရံုျပာဝတ္လူငယ္က
ယပ္ေတာင္တဖ်တ္ဖ်တ္ခပ္ကာ
ၿပံဳး၍ ေျပာလိုက္သည္။
"ဒါဆိုႀကိဳးစား..."
"ငါ အႀကံဥာဏ္ေတာ့ေပးၿပီးၿပီ
လုပ္တာမလုပ္တာမင္းအပိုင္းပဲ "
လူငယ္က ေကာင္ေလးကို ေက်ာ္ျဖတ္ၿပီး
ပိုးလမ္းမေပၚ လမ္းေလ်ွာက္ေနရင္း
ကဗ်ာတစ္ပုဒ္ကို ရြတ္ဆိုလိုက္သည္။
"ေတာင္ေတြျပန္႔က်ဲလို႔
ျမစ္ၾကမ္းျပင္ေတြ
ခမ္းေျခာက္သြားရင္ေတာင္,
ေကာင္းကင္နဲ႔ေျမႀကီး
တသားတည္းျဖစ္လို႔
ေပါင္းစပ္သြားခဲ့ရင္ေတာင္,
ေဆာင္းရာသီမွာ မိုးႀကိဳးပစ္လို႔
ေႏြရာသီမွာ ႏွင္းက်ခဲ့ရင္ေတာင္မွ
ငါ့ခံစားခ်က္ေတြက ဘယ္ေတာ့မွ
ေပ်ာက္ကြယ္မသြားမဲ့အျပင္
ထပ္ၿပီးေတာ့ေတာင္
ႀကီးထြားလာဦးမယ္...
ေကာင္းကင္ဘံုကိုတိုင္တည္လို႔
ငါမင္းနဲ႔ အဆံုးသတ္ျခင္းမရွိဘဲ
ထာဝရရွိေနပါ့မယ္... "
ကဗ်ာရြတ္သံဟာ တျဖည္းျဖည္းတိုးသြားသလို
မိုးျပာေရာင္ဝတ္ရံုဟာလည္း ပိုးလမ္းမထက္
တေျဖးေျဖးေဝးသြားၿပီး ေကာင္ေလးရဲ႕
ၾကည့္ေနဆဲမွာပင္ ေလထဲမွာပဲ
ရုတ္တရက္ ေပ်ာက္ကြယ္သြားခဲ့တယ္။
ေကာင္ေလးလည္း ကဗ်ာေၾကာင့္
အံ့ၾသမွင္သက္ေနရာကေန
သတိဝင္လာခဲ့တယ္။
"အဲ့ဒီအကိုႀကီးက...လန္႔ခ်င္လား "
အေရွ႕အရပ္ေနနတ္အရွင္ရဲ႕သားေတာ္|
နဂါးနက္ကို ဓားတစ္ခ်က္နဲ႔ႏွိမ္နင္းခဲ့တဲ့l
ေကာင္းကင္ဘံုက ဆင္းလာခဲ့တဲ့|
လူေတြရဲ႕ ဖူးစာေရးကိုကူညီတဲ့|
လတ္လပ္ျခင္းကိုကိုယ္စားျပဳတဲ့
မိုးျပာေရာင္ကို သေဘာက်တဲ့
ဖူးစာႀကိဳးျပာနတ္မင္း လန္႔ခ်င္...
...
သံုးရက္ၾကာၿပီးေနာက္...
ရွန္ျပည္အတြင္း ပိုးလမ္းမႀကီးေပၚ၌
ကုန္စည္မ်ားသယ္ေဆာင္လာသည့္
လွည္းတန္းတစ္ခုက တေရြ႕ေရြ႕လာလ်က္
ရွိသည္။
ျမင္းလွည္းေပါင္း သံုးဆယ္ေက်ာ္ပါဝင္ၿပီး
လွည္းအမ်ားစုက အေနာက္ဘက္ျပည္မ်ားမွ
ထြက္ေသာ ကုန္မ်ားအျပည့္သယ္လာၾက၏။
လွည္းတန္း၏ အေရွ႕|အေနာက္နဲ႔
လွည္းတန္း၏ေဘးႏွစ္ဘက္တြင္
လက္နက္ကိုင္အေစာင့္အေရွာက္ေတြ
လိုက္ပါလာၾကသည္။
ေနာက္ဆံုးနားရွိ လွည္းေပၚတြင္
လူတစ္ေယာက္က ကုန္ေသတၱာမ်ားကို
မွီထိုင္လ်က္ လိုက္ပါလာသည္။
ထိုလူ၏အသြင္မွာ ငယ္ရြယ္ပံုရၿပီး
မိုးျပာေရာင္ဝတ္စံု၏အက်ီ ၤလက္ကို
တံေတာင္နားထိေခါက္တင္ထားၿပီး
ဘယ္ဘက္ေျခေထာက္ကို ညာဘက္ေပါင္ေပၚ
ေျခခ်ိတ္တင္ထားကာ သီခ်င္းတစ္ပုဒ္ကို
သီဆိုလ်က္ရွိသည္။
"ကိုယ္ဟာ ေကာင္းကင္ဘံုရဲ႕
သက္တံ့တိမ္တိုက္လြင္ျပင္ေပၚမွာ
မ်ားျပားတဲ့နတ္မိမယ္ေတြနဲ႔
ေပ်ာ္ပါးခဲ့ဖူးတယ္...
လူ႔ေလာကရဲ႕ လွပေပ့ဆိုတဲ့
ထိပ္တန္းအလွပေဂးေလးေတြကို
ခ်စ္ေရးဆိုခဲ့ဖူးတယ္...
အဝါေရာင္စမ္းေရလမ္းမကို
ဆိုးသြမ္းဝိဥာဥ္ေတြကိုပို႔ေဆာင္ရင္း
အဖြားမုန္႔ရဲ႕ေျမးမေလးနဲ႔
ကလူက်ီဆယ္ခဲ့ဖူးတယ္...
သံုးေလာကမွာ ကိုယ္ဟာ
ပ်ိ ဳတိုင္းႀကိဳက္တဲ့လုလင္ပ်ိ ဳျဖစ္ေနပါလ်က္
အထီးက်န္တယ္လို႔ ခံစားေနမိဆဲပါပဲ..."
သီခ်င္းသံဆံုးသည္ႏွင့္ လွည္းနံေဘးက
ကုန္သည္ေတြနဲ႔ အေစာင့္ေတြက
သီခ်င္းကိုေဝဖန္ၾကေတာ့၏။
"သီခ်င္းလည္းေကာင္းတယ္
အသံလည္းေကာင္းတယ္ ဒါေပမဲ့
မင္းစာသားက မႀကီးက်ယ္လြန္းဘူးလား"
"ဟုတ္ပကြာ ဘယ္ႏွယ့္
ထိပ္တန္းမိန္းမလွေလးေတြေတာင္မကဘူး
ေကာင္းကင္ဘံုက နတ္သမီးေတြေရာ
ေျမေအာက္ကမ႓ာငရဲျပည္က
အဖြားမုန္႔ရဲ႕ေျမးမေလးေတာင္မက်န္
ႀကိဳက္တဲ့ ေယာက်္ားတဲ့လား။
အဲ့လိုေယာက်္ားဒီကမ႓ာမွာ
ရွိမယ္မထင္ပါဘူး "
ေရွွာင္က်န္းက အသာအယာသာ
ၿပံဳးလိုက္သည္။ထို႔ေနာက္ ေရွာင္က်န္းက
ကုန္ေသတၱာကိုမွီေနရာမွ ေက်ာမတ္၍
ဆန္႔ဆန္႔ထိုင္လိုက္ကာ အေညာင္းဆန္႔ၿပီး
အရက္ဘူးထဲမွ ဝိုင္တစ္က်ိ်ဳက္
ေမာ့ေသာက္လိုက္သည္။
ႏႈတ္ခမ္းမွာေပေနတဲ့ဝိုင္စက္ေတြကိုပင္
လ်ွာျဖင့္သပ္လိုက္ေသး၏။
"ေလာကသံုးပါးမွာ အဲ့လိုရူပကာရွိတဲ့
ေယာက်္ားတစ္ကယ္ရွိတာေပါ့ "
"ဘယ္သူလဲ "
"ေကာင္းကင္ဘံုပညာရွိ အျဖဴ ေလ "
"ဘယ္သူ ဘယ္ကအျဖဴ တုန္း "
"လာေနာက္ေနတာလား ခင္ဗ်ားတို႔
အျဖဴ ကိုေတာင္မသိဘူးလား "
"ငါတို႔တကယ္မသိဘူးဟ "
"အျဖဴ ဆိုတာ တစ္ျခားလူေတာ့မဟုတ္ဘူး။
ေလာကသံုးပါးသခင္ ေက်ာက္စိမ္းဧကရာဇ္ရဲ႕
ဦးရီးေတာ္ပဲ။ပန္ဂုက ေလာကသံုးပါးကို
ဖန္တီးခဲ့ၿပီး ႏြီဝါးက လူသားနဲ႔တျခားသက္ရွိေတြကိုဖန္တီးခဲ့တယ္။အျဖဴ က ေကာင္းကင္ဘံုရဲ႕
ဒုတိယေျမာက္နတ္မင္းပဲ။ပထမနတ္မင္းက
လက္ရွိေက်ာက္စိမ္းဧကရာဇ္ရဲ႕ ဘိုးေဘး"
"ေနပါဦးဟ...ပထမဆံုးနတ္မင္းက
လက္ရွိေက်ာက္စိမ္းဧကရာဇ္ရဲ႕ ဘိုးေဘးဆို
အျဖဴ က ဘယ္လိုလုပ္ ဦးရီးေတာ္
ျဖစ္သြားတာတုန္း "
"ေကာင္းကင္ဘံုရဲ႕ပညာရွိနတ္မင္းအျဖဴ က
ပထမဆံုးေက်ာက္စိမ္းဧကရာဇ္ေလာက္
အစြမ္းမထက္ေပမဲ့ သူ႔မွာထူးျခားတဲ့
တန္ခိုးစြမ္းအင္တစ္ခုရွိတယ္...
အဲ့ဒါက..."
"ဒုန္း ဂ်လိန္း "
"နင့္ေမႀကီးေတာ္တဲ့မွ
ေက်ာက္စိမ္းဧကရာဇ္သမီးနဲ႔ငါနဲ႔ညား "
"ဟီး ဟီး ဟီး ဟီး"
"ဟဲ့ ျမင္း ဟာ့ "
ရုတ္တရက္ႀကီး မိုးႀကိဳးတစ္စင္းက
ပိုးလမ္းမရဲ႕ေဘးက သစ္ပင္ႀကီးတစ္ပင္ကို
ထိမွန္လိုက္ရာ ႏွစ္ျခမ္းပင္ကြဲသြားေစသည္။
ေရွာင္ခ်န္းက သူ႔နဖူးသူပြတ္လိုက္ရင္း
ဝိုင္တစ္က်ိ ဳက္ေမာ့ေသာက္လိုက္ကာ
ယခုထက္ထိအံ့ၾသေနၾကဆဲျဖစ္သည့္
ကုန္သည္မ်ားႏွင့္အေစာင့္မ်ားကို
ၾကည့္လိုက္သည္။
"အားရိုး ေကာင္းကင္ဘံုရယ္
က်ြန္ေတာ္ေတာင္းပန္ပါတယ္...
ေကာင္းကင္ဘံုရဲ႕ လ်ွိ ဳ႕ဝွက္ခ်က္ေတြကို
ေနာက္ထပ္ ထပ္မေျပာေတာ့ပါဘူး "
ေရွာင္ခ်န္းစကားကိုၾကားသည့္သူေတြက
လံုးဝမယံုေသာအၾကည့္နဲ႔ ေရွာင္က်န္းကို
ဝိုင္းၾကည့္ၾကသည္။
မင္းစကားကိုယံုမယ္ထင္လား...
ေယာင္ၿပီးေအာ္တဲ့စကားေတာင္မွ
ေသာက္က်ိဳးနည္းစကားႀကီး...
ေရွာင္ခ်န္းကေတာ့ ဝိုင္ကိုသာ
ေမာ့ေသာက္ေနဆဲပင္။
"အား အရသာရွိလိုက္တဲ့ "
"ဒီအခ်ိန္မွာ ေကာင္းကင္ဘံုက
သက္ရွည္မက္မြန္သီးေလးသာစားရရင္
ဘယ္ေလာက္ေကာင္းမလဲ "
လြန္ခဲ့တဲ့တစ္ပတ္ေလာက္ကတည္းက
ရွာ့လိုင္ရြာမွာရွိတဲ့ သူ႔ရဲ႕အိမ္ေလးကေန
ထြက္လာၿပီး ရွန္ျပည္ကိုခရီးဆက္ေနျခင္းပင္။
ခရီးဆက္ရသည့္အေၾကာင္းရင္းကေတာ့
ရွန္ျပည္နန္းၿမိဳ႔ေတာ္ တုန္းရွန္နန္းၿမိဳ႕ေတာ္မွာ
က်င္းပသည့္ အႏုပညာေလးပါးၿပိဳင္ပြဲ
ဝင္ၿပိဳင္ရန္ျဖစ္သည္။
ဒီႏွွစ္ရဲ႕ဆုက အရင္ႏွစ္ေတြကလို
သာမန္ဆုမဟုတ္ဘဲ ခြန္းလြန္ေတာင္က
ဂိုဏ္းခ် ဳပ္ကိုယ္တိုင္ခ်က္လုပ္သည့္
ခြန္းလြန္နတ္မင္းဝိုင္ကိုပါ ခ်ီးျမင့္မည္ဟု
ၾကားသည္။တျခားဆုေတြလည္း
ပါဦးမည္ျဖစ္ေသာ္လည္း
ေရွာင္က်န္းစိတ္ဝင္စားတာက
ခြန္းလြန္နတ္မင္းဝိုင္တစ္ခုတည္းသာ။
ေက်ာက္စိမ္းဧကရာဇ္ဆိုတဲ့ အဖိုးႀကီးေတာင္
ႀကိဳက္ႏွစ္သက္တဲ့ဝိုင္ဆိုမွေတာ့
ဘယ္ေလာက္ေတာင္မွ
အရသာရွိလိုက္လိမ့္မလဲဟုပင္။
ဒီႏွစ္ပြဲေတာ္က ခါတိုင္းႏွစ္ေတြထက္
ဆယ္ဆlအဆတစ္ရာေလာက္ကို
ႀကီးက်ယ္ခမ္းနားမည္ျဖစ္ၿပီး
ဆုလာဒ္ေတြက ႏွစ္တရာလ်ွင္
တႀကိမ္ေတြ႔ဖို႔ရန္ပင္မျဖစ္ႏိူင္သည့္
ဆုေတြခ်ည္းသာျဖစ္သည္။
ဒါ့အျပင္ ဒီပြဲေတာ္ကိုတက္ေရာက္ၾကမည့္
အတိုင္းတိုင္းအျပည္ျပည္က မိန္းမလွေလး
ေတြနဲ႔ မင္းသမီးေလးေတြကလည္း
လံုးဝကို ထိပ္တန္းအလွပေဂးေလးေတြဟု
ေျပာဆိုေနၾကသည္။
မိန္းမလွနဲ႔ဝိုင္ေကာင္း ႏွစ္မ်ိ ဳးလံုးရွိေနမွေတာ့
ေရွာင္ခ်န္းကို ဆြဲေဆာင္ႏိူင္ဖို႔
လံုေလာက္သည္ထက္ပင္ ပိုေနၿပီျဖစ္၏။
...
အေစာင့္အင္အားေကာင္းေသာေၾကာင့္
မည္သည့္ဓားျပအဖြဲ႔ႏွင့္မွ မတိုးဘဲ
ရွန္ျပည္ ဝါးေတာအုပ္ကိုေရာက္ရွိလာၿပီး
ညအိပ္အနားယူရန္ စခန္းခ်ေနၾက၏။
"အာဝူးဝူး "
"ဝူးးးးဝူးးးးဝူးးးး "
"ဖလပ္ ဖလပ္ ဖလပ္ "
"ဂီး ဂီး "
ဝံပုေလြေအာ္သံမ်ားက စခန္းခ်ေေနရာ၏
ပတ္ပတ္လည္မွ ထြက္ေပၚလာၾကသည္။
လွည့္ကင္းတာဝန္က်အေစာင့္မ်ားက
အိပ္ေပ်ာ္ေနေသာအေစာင့္မ်ားႏွင့္
ကုန္သည္မ်ားကိုလိုက္ႏိုးလိုက္ၾကသည္။
"ဓားျပေတြလား "
"ဓားျပေတြပဲျဖစ္ပါေစ ဆုေတာင္းတယ္"
အနီေရာင္အလင္းတစ္ခုက
ဝါးေတာအုပ္ထဲကေန တျဖည္းျဖည္း
လင္း၍ လင္း၍သာလာေနသည္။
လူတိုင္းက အနီေရာင္အလင္းကိုၾကည့္ၿပီး
အံ့ၾသတုန္လႈပ္ေနၾက၏။
အနီေရာင္အလင္းက အနားေရာက္လာ
သည့္အခါ ထိုအရာဘာလဲဆိုသည္ကို
ထင္ထင္ရွားရွားျမင္လိုက္ရသည္။
မဂၤလာေဝါယာဥ္ထမ္းသမားမ်ား
ပတ္ေလ့ရွိသည့္ အဝတ္စကိုစီးထားသည့္
ဖုတ္အေလာင္းေလးေကာင္ထမ္းထားေသာ
အနီေရာင္ေဝါယာဥ္တစ္ခုပင္ျဖစ္၏။
ကႏုတ္ပန္းေတြကို ေဝါယာဥ္ေပၚ၌
လက္ရာေျမာက္စြာထိုးထားၿပီး
ေဝါယာဥ္တစ္ခုလံုးကိုလည္း အနီေရာင္
အဝတ္စမ်ားျဖင့္ မဂၤလာေဝါယာဥ္သဖြယ္
ခ်ည္ေႏွာင္ထားသည္။
ေဝါယာဥ္ခန္းစီးစပြင့္သြားၿပီးေနာက္
မဂၤလာသတို႔သမီးဝတ္စံုကို
ဝတ္ဆင္ထားၿပီး မ်က္ႏွာကိုဇာပုဝါနီျဖင့္
ဖံုးထားသည့္ မိန္းကေလးတစ္ေယာက္
ထြက္လာသည္။
သတို႔သမီးဝတ္စံုေအာက္မွာျမင္ေနရသည့္
ခႏၶာေကာက္ေၾကာင္းမ်ားႏွင့္ ဇာပုဝါေအာက္မွ
ျဖဴ ေဖြးစိုျပည္ေသာအသားအေရက
မိန္းမလွေလးတစ္ဦးျဖစ္ေၾကာင္းေဖာ္ျပေနသည္။
မိန္းမလွေလး၏လက္ထဲတြင္ ႀကိဳးၾကာနီမ်ား
ျဖင့္ပံုေဖာ္ထားသည့္ အနီေရာင္ယပ္ေတာင္
တစ္လက္ကို သိမ္ေမြ႔စြာကိုင္ေဆာင္ထားသည္။
သို႔ေပမဲ့ အေစာင့္ေခါင္းေဆာင္၏အမိန္႔အရ
အေစာင့္မ်ားက သူတို႔၏ဓားမ်ားကို
စင္ၾကယ္ေရစင္နဲ႔ျဖန္းထားလိုက္ၾကသည္။
တခ်ိ ဳ႕ေသာကုန္သည္မ်ားက ေငးငိုင္လ်က္
ထိုမိန္းမလွေလးဆီ လမ္းေလ်ွာက္သြားေန၍
နီးစပ္ရာအေစာင့္မ်ားက ျပန္ဆြဲထားလိုက္ရ၏။
အေစာင့္ေခါင္းေဆာင္က သိုင္းေလာကမွ
အျဖဴေရာင္သူရဲေကာင္းတစ္ဦးႏွယ္
တည္ၾကည္ခန္႔ညားသည့္ ဥပဓိရုပ္သြင္
ရွိသူတစ္ဦးျဖစ္သည္။
ထိုသူက ေရွ႕ထြက္လာၿပီး ထိုမိန္းမလွေလးနဲ႔
မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
"ယဲ့တုန္းနီေကြရွင္းေညာင္
(ယပ္ေတာင္နီတေစၧသတို႔သမီး)"
မင္းက ဒီေနရာနဲ႔အရမ္းေဝးတဲ့
အေနာက္ေျမာက္အရပ္ကေန
ရွန္ျပည္ကို ဘာအေၾကာင္းနဲ႔မ်ား
ေရာက္လာရတာလဲ "
"ခစ္ ခစ္ ခစ္ "
မဂၤလာသတို႕သမီးဝတ္စံုေအာက္က
ရယ္သံလြင္လြင္ေလးက သာယာလွေသာ္
လည္း အေစာင့္မ်ားအတြက္ေတာ့
ထိုရယ္သံက ဝံပုေလြအူသံနဲ႔
ငွက္ဆိုးထိုးသံမ်ားထက္ပင္
ၾကက္သီးထဖြယ္ေကာင္းေပသည္။
အေစာင့္ေခါင္းေဆာင္က မ်က္ေမွာင္ၾကဳတ္
မိလိုက္သည္။ယပ္ေတာင္နီတစေၧသတို႔သမီးက
အစြမ္းထက္ေပမဲ့ သူတို႔သိမ္းငွက္ျဖဴ
အေစာင့္အဖြဲ႔က ညံ့သည္ဟုမဆိုလိုေပ။
တကယ္တမ္းတိုက္ခိုက္ရမည္ဆိုပါက
ယပ္ေတာင္နီတေစၧသတို႔သမီးကို သတ္ႏိူင္ရန္
ရွစ္ဆယ္ရာခိုုင္ႏႈန္းေသခ်ာမႈရွိေပသည္။
သူတို႔ဘက္ကလဲ အက်အဆံုးမ်ား
ရွိႏိူင္ေသာေၾကာင့္ သူမနဲ႔ မလိုအပ္ပဲ
မတိုက္ခိုက္ခ်င္ေပ။
"ဒီလိုပါပဲ ဂါရဝျပဳစရာစုေဝးပြဲေလးရွိေနလို႔ပါ။
ရွင္တို႕နဲ႔ကေတာ့ လမ္းႀကံဳတာေပါ့ "
"ငါ့ရဲ႕ ဖုတ္ေကာင္အသစ္ေလးေတြကလဲ
ဗိုက္ဆာေနၿပီေလ "
စကားဆံုးဆံုးျခင္းပင္ ဝါးေတာအုပ္ထဲမွ
ဖုတ္ေကာင္မ်ားစြာထြက္လာၿပီး
ကုန္အဖြဲ႔ကို ဝိုင္းရံလိုက္ၾကသည္။
ေနာက္ထပ္ေရာက္လာသည့္ ဖုတ္ေကာင္ေတြကိုၾကည့္ၿပီး အေစာင့္ေခါင္းေဆာင္၏မ်က္ႏွာက
ခက္ထန္သြားသည္။
ယပ္ေတာင္နီတစေၧသတို႔သမီးကိုေတာင္
အက်အဆံုးရွိမွာစိုးလို႔ မတိုက္ခ်င္ခဲ့တာ
အခုေတာ့ အနည္းဆံုးခုႏွစ္ဆယ္ ရွစ္ဆယ္
ေတာ့ရွိမယ့္ ဖုတ္ေကာင္တပ္ဖြဲ႔ႀကီးက
ေပၚလာျပန္ၿပီ။
တစ္ဖက္က ရန္သူဆိုတာက်ိန္းေသေနမွေတာ့
အခ်ိန္မဆြဲေတာ့ဘဲ လက္ဦးမႈယူဖို႔ဆံုးျဖတ္
လိုက္သည္။
အေစာင့္ေခါင္းေဆာင္က သူ႔ေက်ာမွာ
လြယ္ထားတဲ့ ဓားအိမ္ထဲက
ႏွစ္ဖက္သြားဓားရွည္ကို ဆြဲထုတ္ၿပီး
ယပ္ေတာင္နီတေစၧသတို႔သမီးကို
ခုန္ဝင္တိုက္ခိုက္လိုက္သည္။
သူတစ္ေယာက္ထဲဆိုမႏိူင္မွန္းသိေပမယ့္
အနည္းဆံုးေတာ့ သူ႔လူေတြက
ဖုတ္ေကာင္ေတြကိုရွင္းၿပီးတဲ့အထိ
အခ်ိန္ဆြဲၿပီးခုခံထားရန္ျဖစ္သည္။
ယပ္ေတာင္နီတစေၧသတို႔သမီးကလည္း
တခစ္ခစ္ရယ္ေမာလ်က္ သူမရဲ႕ယပ္ေတာင္
နီနီေလးျဖင့္ ဓားရွည္ကိုပိတ္ဆို႔ကာ
ျပန္လည္တိုက္စစ္ဆင္ေနသည္။
အေစာင့္တပ္ဖြဲ႔ရဲ႕ လက္ေထာက္ေခါင္းေဆာင္
ႏွစ္ေယာက္က က်န္တဲ့သိမ္းငွက္ျဖဴ အေစာင့္
ႏွစ္ဆယ့္ႏွစ္ေယာက္ကိုဦးေဆာင္ၿပီး
ဖုတ္ေကာင္ေတြကို တဟုန္ထိုးတိုက္ခိုက္
ၾကသည္။
ရုတ္တရက္မိုးျပာေရာင္ အလင္းတစ္ခ်က္
လက္သြားၿပီး ယပ္ေတာင္နီတစေၧသတို႔သမီးနဲ႔
အေစာင့္ေခါင္းေဆာင္တို႔ကို တိုက္ခိုက္ေနရာမွ
လူခ်င္းကြဲသြားေစသည္။
ယပ္ေတာင္နီတေစၧသတို႔သမီးနဲ႔
အေစာင့္ေခါင္းေဆာင္အၾကားေျမႀကီးတြင္
ဓားခုတ္ရာခဲ့သို႔ နက္ရိႈင္းေသာအရာ
တစ္ခုရွိေနၿပီး မိုးျပာေရာင္ဓားတစ္လက္က
ေလထဲတြင္ တည္ၿငိမ္စြာရပ္ေနလ်က္ရွိသည္။
"ျဖဴ း" " ျဖဴ း "
ေအးျမတဲ့ေလျပည္ေလညွင္းေလးက
ဝါးေတာထဲမွထြက္ေပၚလာၿပီး ဤေနရာတြင္
ရွိေနသူတိုင္း၏ မ်က္ႏွွာနဲ႔အဝတ္အစားေတြကို
တိုက္ခတ္သြားသည္။
မိုးျပာေရာင္ဝတ္စံုဝတ္ဆင္ထားသည့္
ေခ်ာေမာသည့္လုလင္ပ်ိ ဳတစ္ေယာက္က
လေရာင္ေအာက္တြင္ ဝါးပင္မ်ားအထက္မွ
ငွက္ေမြးေလးလိုေပါ့ပါးစြာ ဆင္းသက္လာၿပီး
မိုးျပာေရာင္ဓားအေပၚ ရပ္လိုက္သည္။
သူ၏ခါးတြင္ သာမန္အသြင္သာရွိသည့္
အနက္ေရာင္ဝိုင္အိုးနဲ႔ဓားအိမ္အလြတ္တစ္ခု
ရွိေနသည္။
"မေတြ႔တာၾကာၿပီေနာ္ ယပ္ေတာင္နီေလး"
ယပ္ေတာင္နီတစေၧသတို႔သမီး၏
ဒူးႏွစ္ဖက္က တဆတ္ဆတ္တုန္လာသည္။
ဝတ္ရံုျပာနဲ႔သူ၏အၿပံဳးကို ယခုထက္ထိ
မွတ္မိေနဆဲပင္။လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္က
သူ ယပ္ေတာင္နီတစေၧသတို႔သမီးရယ္လို႔
စြမ္းအားႀကီးမလာခင္ သာမန္တေစၧသာ
ျဖစ္ခဲ့စဥ္က စြမ္းအားတိုးလာေစရန္
ယန္ဓာတ္မ်ားတဲ့ေယာက်္ားကိုသတ္ၿပီး
ႏွလံုးသားကိုစားေနစဥ္ ထိုသူနဲ႔
ပက္ပင္းတိုးခဲ့သည္။
ထိုအခ်ိန္က ထိုလူကိုေႏွာင့္ယွက္သည့္
စြမ္းအားႀကီးတစေၧညီေနာင္သံုးေဖာ္သာ
မရွိခဲ့လ်ွင္ သူဆိုတာ ထိုအခ်ိန္ကတည္းက
ေျမေအာက္ငရဲျပည္ကို သြားေနရေလာက္ၿပီ
ျဖစ္သည္။
ထိုသူတို႔၏တိုက္ပြဲအဆံုးသတ္ကိုမျမင္ခဲ့ရေပမဲ့လည္း ထိုေန႔မွစၿပီး အေနာက္ေျမာက္ျပည္ေတြ
ဘက္မွာ တစေၧညီေနာင္သံုးေဖာ္ဆိုတာ
ေနာက္တစ္ႀကိမ္ထပ္ေပၚမလာေတာ့ေခ် ။
တစေၧတစ္ေကာင္ေသလ်ွင္
ေသသည့္ေနရာတြင္ ထိုတေစၧ၏
အေငြ႔အသက္အခ်ိ် ဳ႕က်န္ေနခဲ့ေပမဲ့
တစေၧညီေနာင္သံုးေဖာ္၏အေငြ႔အသက္က
ထိုေနရာတြင္လံုးဝမရွိသလို မည္သည့္ေနရာ
တြင္မွလည္း မေတြ႔ခဲ့ရေပ။
ထိုအခ်ိိန္က တစေၧညီေနာင္သံုးေဖာ္၏
စြမ္းအားက လက္ရွိသူ႔ထက္ပင္သာေသးရာ
ႏွစ္ႏွစ္ဆယ္ၾကာၿပီးေနာက္ေတာ့
ပို၍ပင္အစြမ္းထက္လာမည့္
မိုးျပာေရာင္ဝတ္ရံုဝတ္ဓားသမားကို
ဘယ္နည္းနဲ႔မွႏိူင္မည္ဟုမထင္ပါေပ။
ယပ္ေတာင္နီတစေၧသတို႔သမီးက
မိုးျပာေရာင္ဝတ္ရံုဝတ္ေယာက်္ားေရွ႕မွာ
ရုတ္တရက္ဒူးေထာက္ခ်လိုက္ရာ
အေစာင့္မ်ားႏွင့္ကုန္သည္မ်ားအားလံုး
မ်က္လံုးျပဴ းကုန္ၾကသည္။
"ဆရာ...ဆရာသခင္ႀကီး
ေက်းဇူးျပဳ ၿပီး က်ြန္...က်ြန္မကို လႊတ္ေပးပါ
ဆရာႀကီးေရွ႕...ေနာက္တစ္ေခါက္
ေပၚမလာေတာ့ဘူးလို႔ ကတိေပးပါတယ္
က်ြန္မရဲ႕ အရိုးျပာနဲ႔က်ိန္ဆိုရဲပါတယ္ "
တေစၧတစ္ေကာင္ရဲ႕အားနည္းခ်က္က
ထိုတစေၧ၏ အရင္ခႏၶာကိုယ္ကို
သၿဂိဳလ္ရာမွထြက္ေပၚလာသည့္ အရိုးျပာပင္
ျဖစ္သည္။မည္မ်ွစြမ္းအားႀကီးသည့္
တစေၧျဖစ္ေနပါေစ အရိုးျပာကိုသာ
ဖ်က္ဆီးခံရပါက ျပန္လည္ဝင္စားဖို႔
အခြင့္အေရးေတာင္မရွိႏိူင္ေတာ့ဘဲ
ထာဝရေပ်ာက္ကြယ္သြားမည္သာျဖစ္၏။
"က်ြန္မ က်ြန္မ နဲ႔ဘာလို႔ေျပာေနတာလဲ
မင္းက ေယာက်္ားတစ္ေယာက္ပဲဟာကို"
"ဘာ " ဒီတစ္ခါေတာ့ တျခားသူေတြသာမက
ယပ္ေတာင္နီတစေၧသတို႔သမီး မဟုတ္ေသး
ယပ္ေတာင္နီတေစၧဟုသာ ေခၚရမည့္သူပင္
အံ့ၾသလြန္း၍ မ်က္လံုးျပဴ းသြားသည္။
ေရွာင္ခ်န္းက အက်ီ ၤရင္ဘတ္ထဲကေန
စာအုပ္တစ္အုပ္ကိုထုတ္လိုက္ၿပီး
မႏၲန္တစ္ခုကိုရြတ္ဆိုလိုက္သည္။
စာရြက္အလြတ္မ်ားျဖင့္သာျပည့္ေနခဲ့ေသာ
စာအုပ္က ယခုအခါ သူတစ္ေယာက္တည္းသာ
ျမင္ႏိူင္သည့္ စာမ်ားႏွင့္ျပည့္ေနခဲ့ၿပီျဖစ္၏။
"မွန္းစမ္း ဘယ္နားမွာပါလိမ့္ ေတြ႔ၿပီ "
"ေဖ်ာက္ "
ေရွာင္ခ်န္း လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ရာ
အေစာင့္ေခါင္းေဆာင္|ယပ္ေတာင္နီနဲ႔
ဖုတ္ေကာင္မ်ားကလြဲၿပီး တျခားသူတိုင္းက
ေမ့လဲက်သြားၾကသည္။
"လီေဝ့မင္...နင္ျပည္...မိုးခၿမိဳ႕ေတာ္...
ခ်စ္တဲ့ေယာက်္ားကိုလက္ထပ္ဖို႔အတြက္
သေဘာမတူတဲ့ကိုယ့္မိဘေတြကိုျပန္သတ္ခဲ့ၿပီး
မဂၤလာဦးညမွာ မင္းေယာက်္ားေလးမွန္း
သိသြားတဲ့ မင္းရဲ႕ခ်စ္သူကိုလဲ သတ္ၿပီး
ကိုယ့္ကိုကိုယ္ႀကိဳးဆြဲခ်ေသခဲ့တယ္...
ေသဆံုးခ်ိန္မွာ အသက္ ဆယ့္ခုႏွစ္သာ
ရွိေသးတယ္...အဲ့ဒါ မင္းပဲေလ"
မ်က္ႏွာကာဇာပုဝါက ျပဳတ္က်သြားၿပီး
မိန္းကေလးမ်ားပင္ အားက်မနာလိုေလာက္သည့္ မ်က္ႏွာေခ်ာေခ်ာေလးကေပၚထြက္လာသည္။
"ငရဲမွတ္တမ္းစာအုပ္လား...ရွင္က
ငရဲတမန္ေတာ္လား "
ဘာေၾကာင့္ တေစၧညီေနာင္သံုးေဖာ္
အေငြ႔အသက္ပင္မက်န္ခဲ့ဘဲ
ေပ်ာက္ကြယ္သြားရသလဲဆိုတာကို
အေျဖသိလိုက္ရၿပီျဖစ္သည္။
ထိုညီေနာင္သံုးေယာက္က ငရဲကို
ေခၚေဆာင္သြားခံလိုက္ရျခင္းပင္ ။
သူထြက္ေျပးဖို႔ လုပ္ေပမဲ့ အနက္ေရာင္
သံခ်ိန္းႀကိဳးေတြက ေျမႀကီးထဲကထြက္လာၿပီး
ခ် ဳပ္ေႏွာင္ထားလိုက္သည္။
"ရုန္းမေနနဲ႔ ငရဲခ်ိန္းႀကိဳးေတြက
လြတ္ႏိူင္တဲ့ တစေၧက ဒီေလာကမွာ
လြံုးဝမရွိတာမဟုတ္ေပမဲ့ မင္းကေတာ့
မလြတ္ႏိူင္တာ ေသခ်ာတယ္ "
ဖုတ္ေကာင္ေတြက ေရွာင္ခ်န္းကို
တိုက္ခိုက္ဖို႔လုပ္ေပမဲ့ လက္တစ္ခ်က္အေဝွ႔မွာ
ပင္ တေကာင္ၿပီးတေကာင္ပ်က္စီးသြားရသည္။
အေစာင့္ေခါင္းေဆာင္၏မ်က္စိေရွ႕မွာပင္
ေရွာင္ခ်န္းက လီေဝ့မင္ကို စာအုပ္ထဲ
ဖမ္းထည့္သြားၿပီး ဓားကိုစီးနင္းကာ
ညေကာင္းကင္ယံ၌အလင္းတန္းေလးအျဖစ္
ေပ်ာက္ကြယ္သြားသည္။
ေရွာင္ခ်န္း က အေစာင့္ေခါင္းေဆာင္ကို
သတိေပးစကားေျပာခဲ့ေသးသည္။
"မေကာင္းတဲ့အရာကိုမလုပ္နဲ႔
မင္းသာ မေကာင္းတာလုပ္ခဲ့ရင္ေတာ့
တစ္ေန႔ ငါ လာဖမ္းရလိမ့္မယ္ "
"တစ္ေန႔ တမလြန္မွာေတြ႔ၾကတာေပါ့ "
"ေဝါယာဥ္နီနဲ႔ဖုတ္ေကာင္ေတြကိုလဲ
မီးရိႈ႕ဖ်က္ဆီးပစ္လိုက္ဦး "
အေစာင့္ေခါင္းေဆာင္က သတိေမ့လဲေနေသာ
အေစာင့္ေတြနဲ႔ ကုန္သည္ေတြကို ၾကည့္လိုက္l
ထီးထီးတည္ရွိေနေသာ ေဝါယာဥ္နဲ႔
အသက္မရွိေတာ့ေသာဖုတ္ေကာင္မ်ားကို
ၾကည့္လိုက္ႏွင့္ သူနဲ႔ဘာမွမဆိုင္သလို
လွပစြာထြန္းလင္းေနဆဲျဖစ္သည့္ လမင္းႀကီးကို
ေမာ့ၾကည့္လိုက္သည္။
အေစာင့္ေတြကိုႏိႈးၾကည့္ေပမဲ့ တစ္ေယာက္မွ
မနိုးတာေၾကာင့္ သူတစ္ေယာက္တည္း
အကုန္စုၿပီးမီးရိႈ႕လိုက္ရသည္။
မနက္ေနထြက္ေသာအခါမွသာ
သတိေမ့ေနတဲ့အေစာင့္ေတြနဲ႔ကုန္သည္ေတြ
ႏိုးလာၾကၿပီး အေစာင့္ေခါင္းေဆာင္ကို
ျမင္သည့္အခါ ညက ဘာျဖစ္သြားသည္လဲ
ဆိုတာကိုဝိုင္းေမးၾကၿပီး အေစာင့္ေခါင္းေဆာင္ကလဲ ျဖစ္ခဲ့သမ်ွကို အမွန္အတိုင္း
ေျပာျပလိုက္သည္။
လွည္းတန္းကိုျပန္စုၿပီး ခရီးထြက္သည့္အခါမွ
လူတစ္ေယာက္ေပ်ာက္ေနမွန္းသိလိုက္ရသည္။
သူတို႔နဲ႔ လွည္းႀကံဳလိုက္စီးလာသည့္
ေရွာင္ခ်န္းဆိုသည့္လူငယ္ေလးပင္။
ညက အမည္ပင္မေျပာသြားသည့္
ေက်းဇူးရွင္နဲ႔သြင္ျပင္တိုက္ၾကည့္လိုက္သည့္အခါ ညက ထိုစြမ္းအားႀကီးသည့္သူက
ထို ေရွာင္ခ်န္းဆိုသူမွန္း သိလိုက္ရသည္။
(Unicode)
အခန်း(၁)ဖူးစာကြိုးပြာနတ်မင်း လန့်ချင်နဲ့
ယပ်တောင်နီတစေ္ဆသတို့သမီး
ရှန်တိုင်းပြည်|ပိုးလမ်းမကြီး၏တစ်နေရာတွင်
တည်ရှိသော လက်ဖက်ရည်ဆိုင်ငယ်လေး၏
စားပွဲတွင် လူအချို့စုရုံးနေကြသည်။
"ဒီပိုးလမ်းမကြီး ဘယ်လိုစပြီးဖြစ်တည်လာလဲ
မင်းတို့သိကြလား "
စားပွဲဘေးတွင်ထိုင်ခုံတစ်လုံးသာရှိကာ
အသက်အရွယ်ရနေပြီဖြစ်သည့်
ယောက်ျားတစ်ဦးထိုင်နေပြီး စားပွဲပတ်လည်
တွင်တော့ အယောက်နှစ်ဆယ်ကျော်မည့်
အသက်အရွယ်စုံလူတွေက မြေကြီးပေါ်မှာ
တစ်ဖုံ|ထိုင်ခုံပေါ်မှာတစ်ဖုံ ထိုင်နေကြသည်။
မြေကြီးပေါ်မှာ ထိုင်နေသည့် ဆယ်ကျော်သက်
ကောင်လေးတစ်ယောက်က အဖိုးကြီး၏
စကားကိုပြန်ဖြေလိုက်သည်။
"ကျွန်တော်သိတယ်...ရှန်တိုင်းပြည်ကို
တည်ထောင်ခဲ့တဲ့ ပထမရှန်ဘုရင်က
ရှန်ပြည်နဲ့ အနောက်အရပ်က
တိုင်းပြည်တွေကြား ကုန်သွယ်ရေးပိုကောင်းဖို့
အတွက် ဖောက်လုပ်ခဲ့တာ "
"မှန်တယ် ဒါပေမဲ့အပြည့်အစုံတော့မဟုတ်ဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကျော်တုန်းက
ပထမရှန်ဘုရင် က ဖောက်လုပ်ခဲ့တာ
ဟုတ်တယ်။ဒါပေမဲ့ရှန်ဘုရင်ကို
ပိုးလမ်းမဖောက်ဖို့ အကြံပေးခဲ့တဲ့သူက
တတိယမင်းသားပဲ "
လူငယ်၏အဖေဖြစ်ဟန်တူသူက
အဖိုးအိုကို ပြန်ငြင်းလိုက်သည်။
"အဲ့တာ ဘာများထူးခြားလို့လဲ။
မင်းသားကအကြံပေးလို့ ဘုရင်က
လမ်းဖောက်တာဘာစိတ်ဝင်စားစရာရှိလို့လဲ"
အဖိုးအိုက မရှိသည့်မုတ်ဆိတ်မွေးတွေကို
ပွတ်သပ်ရင်း "ရှိတာပေါ့ကွ...
ငါပြောတာဆုံးအောင်နားထောင်
တတိယမင်းသားကလည်း ဒီအကြံကို
သူကိုယ်တိုင်ရခဲ့တာမဟုတ်ဘူး။
တတိယမင်းသားက အနောက်ဘက်မှာ
ရှိတဲ့ ချီ ပြည်ကို သံတမန်အဖြစ်နဲ့သွားပြီး
ပြန်လာတဲ့လမ်းမှာ ကောင်းကင်ကကျလာတဲ့
လူ တစ်ယောက်နဲ့တွေ့ခဲ့ရတယ်။
ဒီလူကပဲ မင်းသားကိုအကြံပေးခဲ့တာ "
"မဖြစ်နိူင်လိုက်တာ...ကောင်းကင်က
ကျလာတယ်ဟုတ်လား...အဲ့လူက
နတ်မင်းမို့လို့လား"
"ကောင်လေး မင်းမှန်တယ်...သူက နတ်မင်းပဲ
ဒီအကြောင်းကို တတိယမင်းသား
စပ်ဆိုခဲ့တဲ့ကဗျာတစ်ပုဒ်တောင်ရှိသေးတယ်။
ငါရွတ်ပြမယ်...အဟမ်း...အဟမ်း...အာ
"မိုးပြာနဂါးရဲ့ကြေးခွံချပ်ဝတ်
ကျောက်စိမ်းဧကရာဇ်ချီးမြင့်တဲ့
ကျာကျဲ့(မိစ္ဆာနိူင်)ဓားကိုင်ဆောင်ကာ
စာဖွဲ့မရနိူင်ဖွယ် အံ့မခန်းခံ့ညားမှုနဲ့
ကြမ်းကြုတ်သောမိစ္ဆာနဂါးနက်ကို
ဓားတစ်ချက်ဖြင့်နှိမ်နှင်းခဲ့သည်
ကောင်းကင်ဘုံမှ မိုးပြာနတ်လုလင်
-ချီလင်းသက္ကရာဇ် ၇၁၂ ခုနှစ် "
"ခင်ဗျားဟာ ယုံရမှာလည်းခက်ခက်ပဲ"
"မင်းမယုံရင် ချီပြည်ကို ကိုယ်တိုင်
သွားကြည့်လို့ရတယ်။ချီပြည်ရဲ့နယ်ဖျားက
နန့်ဟိုင်ရှာ့လိုင်(နတ်လုလင်ဆင်းသက်သော)
တောင်တန်းမှာ သူနဲ့တတိယမင်းသား
တွေ့ခဲ့တဲ့နေရာမှာ တည်ထောင်ထားတဲ့
ရှာ့လိုင်ရွာဆိုတာရှိတယ်။ငါပြောတာ
အမှန်ပဲ "
"ခင်ဗျားပြောတာအမှန်ပဲ ထားလိုက်ပါတော့။
ဒါဆို အဲ့ ဖျင့်လိုင်ယွင်ရှောင်တိ
(မိုးပြာနတ်ဘုရားလုလင်)ဆိုတာ
ဘာနတ်လည်း။ကျုပ်အသက်
သုံးဆယ့်ငါးနှစ်ရှိပြီ။တခါမှမကြားဖူးဘူး"
ကောင်လေးရဲ့အဖေက ရေနွေးတစ်ခွက်
မော့သောက်ရင်းပြောလိုက်၏။
အဖိုးအိုက သူ၏အင်္ကျီလက်ထဲကနေ
ခေါက်ယပ်တောင်ဟောင်းတခုကိုထုတ်ပြီး
တဖျတ်ဖျတ်ခတ်ကာပြုံးလိုက်၏။
"မင်းတို့ လူငယ်ဘဝတုန်းက ကြားခဲ့ဖူးမှာ
သေချာတယ် "
အဖိုးအို၏စကားကြောင့် နားထောင်နေတဲ့
လူတိုင်းနားမလည်နိူင်ဖြစ်သွားရသည်။
"ဖူးစာကြိုးပြာနတ်မင်း-လန့်ချင် "
အဖိုးအိုစကားကိုနားထောင်နေသူတိုင်း
အံ့သြသွားကြသည်။သူတို့၏မျက်နှာတွေကတော့မယုံကြည်နိူင်ဟန်အတိုင်းသားပင်။
"လန့်ချင်က အဲ့လောက်အစွမ်းထက်လို့လား"
"မဖြစ်နိူင်လိုက်တာ လန့်ချင်ပေါ်လာတာက
နှစ်နှစ်ရာလောက်ပဲရှိဦးမယ်။ခင်ဗျားပြောတဲ့
မိုးပြာနတ်လုလင်က နှစ်သုံးရာကျော်ကဆို"
"လန့်ချင်က ကျုပ်တို့ယောက်ျား
တော်တော်များများရဲ့ ကျေးဇူးရှင်နတ်မင်းပဲ"
"ဟုတ်တယ် ဟုတ်တယ် ငါ့မိန်းမကို
ငါလိုက်တာ သုံးနှစ်သာကြာသွားတယ်။
သူငါ့ကိုပြန်မကြိုက်ဘူး။လန့်ချင်ကို
ပူဇော်ပသပြီးဆုတောင်းလိုက်ကာမှပဲ
ငါ့ကိုပြန်ကြိုက်တော့တယ်။ခုဆို ကလေး
ငါးယောက်တောင်ရနေပြီ "
"ခင်ဗျားတော်တော် စွမ်းတာပဲ "
"ဟား ဟား မဝံ့ရဲပါဘူး မဝံ့ရဲပါဘူး "
"လန့်ချင်က အဲ့လောက်တောင်စွမ်းတယ်လား
သူ့ကိုပူဇော်တာနဲ့ ကိုယ်ကြိုက်နေတဲ့
ကောင်မလေးက ကိုယ့်ကိုပြန်ကြိုက်
လာမယ်ပေါ့"
ကောင်လေးက သူ့အဖေကို စိတ်လှုပ်ရှားစွာ
မေးလိုက်သည်။
"အဲ့လိုတော့လည်းမဟုတ်ဘူးကွ "
ထိုစဉ် အနည်းငယ်နူးညံ့သည်ဟုဆိုနိူင်သည့်
အသံတစ်သံကြားရ၍ လှည့်ကြည့်လိုက်ရာ
အနီးနားကစားပွဲဝိုင်းတွင်ထိုင်နေသည့်
ယောက်ျားငယ်တစ်ယောက်ကိုတွေ့လိုက်
ရသည်။
မိုးပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး
ကောင်းကင်နဲ့တိမ်တိုက်ပန်းချီရေးဆွဲထားသည့်
ခေါက်ယပ်တောင်ကိုကိုင်ထားသည့်အသွင်က
အင်မတန်ချောမောခန့်ညားလှ၏။
ထိုအချိန် ကောင်လေးတွေးမိလိုက်သည်က
ငါသာ မိန်းကလေးဆို ဒီအကိုကြီးကို
ကြိုက်မိလောက်တယ်...ဟူ၍ပင်။
"အာ့ဆို လန့်ချင်က ဘယ်လိုလည်း အကိုကြီး"
လူငယ်က ပြုံးလိုက်ရာ ကောင်လေးအပါအဝင် အနားကလူတိုင်းတွေးမိလိုက်သည်က
သူတို့တွင်သာ ညီမရှိပါက ဒီကောင်နဲ့
မတွေ့မိစေရန်ဟူ၍ဖြစ်သည်။
"လန့်ချင်က ဖူးစာရေးကူညီပေးတယ်
ဆိုပေမဲ့လည်း သူက တစ်ယောက်နဲ့တစ်ယောက်ကြိုက်နေပေမဲ့ မဝံ့မရဲဖြစ်နေတာမျိုးမှသာ
ကူညီပေးနိူင်တာ။နောက်ထပ်အရေးပါတဲ့
အချက်က အချစ်စစ်ရမယ်...အပျော်ကြံချင်လို့
ကြိုက်တာမျိုးမရဘူး...ဒါ့အပြင်
အချစ်စစ်ပေမယ့်လည်း သာမန်ပြည်သူနဲ့
ဘုရင့်သမီးတော်မျိုးကျရင်လည်း
ကူညီပေးနိူင်မှာမဟုတ်ဘူး။ဒါကလည်း
ပုံပြင်ထဲပဲရှိတာပါကွာ "
"နောက်ပြီး သူ့ကို ဖူးစာကြိုးပြာနတ်မင်း
လို့သာခေါ်ကြတာ သူ့ကိုယုံကြည်သူတွေ
ဝတ်တဲ့ကြိုးက အမှန်တကယ်တော့
မိုးပြာရောင်ကွ...ဖူးစာမိုးပြာကြိုးဆိုတာထက်
ဖူးစာကြိုးပြာဆိုတာက ပိုခေါ်ကောင်းတော့
နောက်ပိုင်းလူတွေက သေချာမသိဘဲ
အပြာရောင်ပိုးကြိုးတွေ ချည်ကြိုးတွေပဲ
ဝတ်နေကြတော့တာပဲ "
ခုနက ကလေးငါးယောက်ရှိသည်ဆိုသူက
လူငယ်ကို မယုံကြည်နိူင်စွာ မေးလိုက်သည်။
"ဒါဆို မင်းပြောချင်တာ ငါ့မိန်းမက
ငါ့ကိုအစကတည်းက သဘောကျပေမယ့်
မဝံ့မရဲဖြစ်နေတာပေါ့ ဟုတ်ပါ့မလားကွာ"
"ခင်ဗျား အခုဘာအလုပ်လုပ်လည်း "
"ကုန်သည်လေ "
"ခင်ဗျားမိန်းမနဲ့မယူခင်ကရော "
"အဲ ငါဘာမှရေရေရာရာအလုပ်မရှိဘူး
လက်ထပ်ပြီးမှ ငါ့မိန်းမက ငါ့ကို
ကုန်သည်လုပ်ခိုင်းလို့ လုပ်ရင်းနဲ့ပဲ
ကုန်သည်ဖြစ်လာတာ "
"ဒါပဲလေ ခင်ဗျားက အလုပ်မယ်မယ်ရရ
မရှိမှတော့ သူကခင်ဗျားကိုကြိုက်ရင်တောင်
အနာဂတ်အရေးတွေးပြီး ဝန်လေးနေမိမှာ။
ဒါပေမဲ့ နောက်တော့ သူကခင်ဗျားနဲ့
လက်ထပ်ပြီး ခင်ဗျားဘဝကို
လမ်းပြပေးတယ်လေ။ဒါဘယ်သူ့ကြောင့်
ထင်လဲ "
"လန့်ချင် "
"သေချာတာပေါ့ "
"ဒုန်း "
လူငယ်က စားပွဲကိုပင် လက်ဝါးနဲ့ရိုက်ချလိုက်
ရာ ဆိုင်ရှင်က လှည့်ကြည့်လာသည်။
"ကျိုးသွားမယ်ဟ ကျိုးရင်လျော်ရမယ်"
ဆိုင်ရှင့်စကားကြောင့် လက်ကို
အသာပြန်ချလိုက်ရသည်။
"ဒါဆိုအကိုကြီး..." ကောင်လေးက
ဆက်ပြောချင်ပေမဲ့ သူ့အဖေကိုကြည့်ကာ
ပါးစပ်ပိတ်လိုက်သည်။
"ဘာလဲ...ညီလေး မင်း ချမ်းသာတဲ့မိသားစုက
သခင်မလေးတစ်ယောက်ယောက်ကို
ကြိုက်နေတာများလား "
အဖေဖြစ်သူကပါ သူ့သားကို
စိတ်ဝင်တစားလှည့်ကြည့်လာတော့သည်။
"ဧကန္တမဟုတ်မှလွဲရော ယုမိန်းကလေးလား"
ကောင်လေးကပြန်မဖြေဘဲ တိတ်ဆိတ်နေ၏။
ဆိတ်ဆိတ်နေခြင်းမည်သည်ဝန်ခံခြင်းမည်၏
ဆိုသည်ကို သဘောပေါက်သည့်
အဖေဖြစ်သူက သူ့သားကိုကြည့်၍
သက်ပြင်းချလိုက်သည်။
"ဟူအာ ယုအိမ်တော်က မင်းတို့နှစ်ယောက်
ခင်မင်တာလောက်ပဲကြည်ဖြူနိူင်မှာ။
ချစ်ကြိုက်တာကိုတော့ ဘယ်နည်းနဲ့မှ
လက်ခံမှာမဟုတ်ဘူး "
"အဖေ ကျွန်တော် သူ့ကို
တကယ်သဘောကျတာ"
"အဖေနားလည်ပါတယ်..."
သားအဖနှစ်ယောက်က ဆက်မပြောတော့ဘဲ
တိတ်ဆိတ်သွားသည်။
ကောင်လေးအဖေရဲ့ဘေးမှာထိုင်နေသူ
တစ်ယောက်က အဖိုးအိုကို ဆက်ပြောရန်
တောင်းဆိုလိုက်ရာ အဖိုးအိုက
စကားစဖို့ရန် ချောင်းဟန့်လိုက်၏။
"လွန်ခဲ့တဲ့နှစ်နှစ်ရာဝန်းကျင်ကပဲ
နတ်ဘုရားဘုံကျောင်းတွေရဲ့ ကျောင်းထိန်း
တိုင်းက ကောင်းကင်ဘုံကနေသတင်းတစ်ခု
ကို လက်ခံရရှိခဲ့တယ် "
"ဘာသတင်းလဲ "
"အရှေ့အရပ်ရဲ့အုပ်စိုးသူ တုန်ဖန်းကျိရှန်
(အရှေ့အရပ်နေနတ်အရှင်)ရဲ့
သားတော်က အပြစ်ကျူးလွန်လို့
လူ့ပြည်ကိုရာထူးချခံလိုက်ရတယ်။
နောက်ပိုင်းမှာ သူက ဖူးစာကြိုးပြာနတ်မင်း
လန့်ချင်ဖြစ်လာခဲ့တယ် "
"သူက နတ်ပြည်ပြန်မတက်ရတော့ဘူးလား"
ကောင်လေးက အဖိုးအိုကိုမေးလိုက်၏။
"သူက လူ့ပြည်မှာ လူတွေရဲ့ဖူးစာရေးကို
ကူညီပေးဖို့ နှစ် ၅၀၀ တောင်အမိန့်ချခံခဲ့ရတာ။
ခုမှ နှစ် ၂၀၀ လောက်ပဲရှိသေးတာ။
အဝေးကြီးလိုသေးတယ် "
"သူက ဘာအပြစ်ကျူးလွန်ခဲ့တာလဲ "
အဖိုးအိုက ဆိုင်အပြင်ကိုလှမ်းကြည့်လိုက်ပြီး
နားထောင်နေသူတွေကို သူ့အနားကပ်ဖို့
လက်ယပ်ခေါ်လိုက်သည်။
"တချို့ပြောကြတာတော့ သူက
ကျောက်စိမ်းဧကရာဇ်ရဲ့မိဖုရားတစ်ပါးနဲ့
ချစ်ကြိုက်မိလို့တဲ့ "
"တချို့ပြောကြပြန်တာကျတော့
သူက ကျောက်စိမ်းဧကရာဇ်ရဲ့
သမီးတော်တစ်ပါးနဲ့အိပ်ခဲ့လို့တဲ့ "
"နောက်ဆုံးတစ်ခုက
သူက သူကိုယ်တိုင်ဆင်းလာခဲ့တာတဲ့"
ထိုစကားတွေကိုကြားပြီးနောက်
မိုးပြာရောင်ဝတ်ရုံနဲ့လူငယ်၏ မျက်နှာက
ရှုံ့မဲ့သွားပြီး အဖိုးအိုကို ပြောလိုက်သည်။
"နောက်ဆုံး တစ်ခုပဲနေမှာပါ "
"ပထမနှစ်ခုထဲကရောမဖြစ်နိူင်ဘူးလား"
"ပထမနှစ်ခုထဲကသာဆို တော်တော်အတင်း
ပြောကောင်းမဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာပဲ"
"လူတွေကအရင်က ဖူးစာကြိုးနီကိုပဲ
အသုံးပြုကြပေမယ့် လန့်ချင်ပေါ်လာပြီးနောက်မှ
ဖူးစာကြိုးပြာဆိုတာပေါ်လာတာပဲ "
"ကျျွန်တော်တော့သိပ်မကြိုက်ဘူးရယ်။
ရှေးအစဉ်အဆက်ကတည်းက
ကြိုးနီကိုပဲ သုံးလာတာ...သူက
အစဉ်အလာကိုဖျက်သလိုခံစားနေရတယ်"
"ဟုတ်တယ် ဟုတ်တယ်"
နောက်တော့စကားဝိုင်းက တခြားသော
နတ်မင်းတို့၏အကြောင်းအရာများဆီ
ပြောင်းသွားပြန်သည်။
ကောင်လေးက ထရပ်ပြီး ဆိုင်အပြင်ကို
ထွက်လာခဲ့သည်။
အဝေးက ရှန်ပြည်ရှိရာ အရပ်ကို
ငေးကြည့်၍ ယုမိန်းကလေး၏ပုံရိပ်ကို
မြင်ယောင်လွမ်းဆွတ်မိပြန်သည်။
"ညီငယ်လေး "
နောက်ကခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ
စောနကဆိုင်ထဲမှာတွေ့ခဲ့တဲ့ မိုးပြာရောင်ဝတ်ရုံနဲ့အကိုကြီးကိုတွေ့လိုက်ရသည်။
အကိုကြီးက အဖြူ ရောင်အဝတ်ပါးစ
ကာထားသည့် ခမောက်ကိုဝတ်ဆင်ထားသည်။
ခါးတွင်လည်း ဓားတလက်|အိတ်ရှုံ့လေး
တစ်လုံးနဲ့ဘူးသီးခြောက်အိုးလေး
ကိုချိတ်ဆွဲထားသည်။
"အကိုကြီး "
"အရမ်းလည်းစိတ်ညစ်မနေပါနဲ့။
အရာရာတိုင်းမှာအကြောင်းအရင်းဆိုတာ
ရှိတယ်။မင်းကြိုက်နေတဲ့မိန်းကလေးရဲ့
မိသားစုက မင်းကိုမကြည်ဖြူ တာ
ဘာအကြောင်းကြောင့်လို့ ထင်လဲ"
"သူတို့မိသားစုက ကျွန်တော်တို့မြို့ရဲ့
အချမ်းသာဆုံးစာရင်းဝင်ပေမဲ့
ကျွန်တော်တို့အိမ်ကတော့
သာမန်ကုန်သည်လေးပါပဲ "
ကောင်လေးက စိတ်ဓာတ်ကျစွာ
ပြောလိုက်သည်။
"အဓိက အချက်က မင်းရှေ့မှာပဲလေ"
"ကျွန်တော်နားမလည်ဘူး အကိုကြီး"
"အာ ငါပြောချင်တာကွာ
မင်းဆင်းရဲလို့သူတို့သဘောမတူတာ
ဟုတ်တယ်မလား "
"အင်း "
"ဒါဖြင့်ချမ်းသာအောင်လုပ်လေ "
"ချမ်းသာဖို့ အဲ့လောက်လွယ်ရင်
လူတိုင်းချမ်းသာကုန်မှာပေါ့ဗျ "
"သမိုင်းထဲက လီပြည်ဘုရင်လျိုယု က
အချစ်အတွက်နဲ့ ချန်ပြည်ရဲ့
ထောင်ချောက်ထဲကို သိသိကြီးတိုးဝင်ခဲ့တယ်။
နှင်းပန်းဓားလီချောက်ဟုန်က
သူရဲ့လက်တွဲဖော်ကို ကယ်တင်ဖို့
ငရဲချောက်ကမ်းပါးက မိစ္ဆာတစ်သိန်းနဲ့
တိုက်ခိုက်ခဲ့တယ်။မင်းက နိူင်ငံတစ်ခုရဲ့
စစ်တပ်နဲ့တိုက်ရမှာလည်းမဟုတ်ဘူး။
မိစ္ဆာတစ်သိန်းနဲ့တိုက်ရမှာလည်း မဟုတ်ဘူး။
ချမ်းသာအောင် စီးပွားရှာရုံပဲလေ။
ဒါတောင် မလုပ်နိူင်ရင်တော့ မင်းရဲ့
အချစ်ဆိုတာက မင်းပါးစပ်က
လျှောက်ပြောနေရုံသက်သက်ပဲ "
"ကျွန်တော် လျှောက်ပြောနေတာမဟုတ်ဘူး
ကျွန်တော် သူ့ကိုတကယ်သဘောကျတာ"
ဝတ်ရုံပြာဝတ်လူငယ်က
ယပ်တောင်တဖျတ်ဖျတ်ခပ်ကာ
ပြုံး၍ ပြောလိုက်သည်။
"ဒါဆိုကြိုးစား..."
"ငါ အကြံဉာဏ်တော့ပေးပြီးပြီ
လုပ်တာမလုပ်တာမင်းအပိုင်းပဲ "
လူငယ်က ကောင်လေးကို ကျော်ဖြတ်ပြီး
ပိုးလမ်းမပေါ် လမ်းလျှောက်နေရင်း
ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
"တောင်တွေပြန့်ကျဲလို့
မြစ်ကြမ်းပြင်တွေ
ခမ်းခြောက်သွားရင်တောင်,
ကောင်းကင်နဲ့မြေကြီး
တသားတည်းဖြစ်လို့
ပေါင်းစပ်သွားခဲ့ရင်တောင်,
ဆောင်းရာသီမှာ မိုးကြိုးပစ်လို့
နွေရာသီမှာ နှင်းကျခဲ့ရင်တောင်မှ
ငါ့ခံစားချက်တွေက ဘယ်တော့မှ
ပျောက်ကွယ်မသွားမဲ့အပြင်
ထပ်ပြီးတော့တောင်
ကြီးထွားလာဦးမယ်...
ကောင်းကင်ဘုံကိုတိုင်တည်လို့
ငါမင်းနဲ့ အဆုံးသတ်ခြင်းမရှိဘဲ
ထာဝရရှိနေပါ့မယ်... "
ကဗျာရွတ်သံဟာ တဖြည်းဖြည်းတိုးသွားသလို
မိုးပြာရောင်ဝတ်ရုံဟာလည်း ပိုးလမ်းမထက်
တဖြေးဖြေးဝေးသွားပြီး ကောင်လေးရဲ့
ကြည့်နေဆဲမှာပင် လေထဲမှာပဲ
ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။
ကောင်လေးလည်း ကဗျာကြောင့်
အံ့သြမှင်သက်နေရာကနေ
သတိဝင်လာခဲ့တယ်။
"အဲ့ဒီအကိုကြီးက...လန့်ချင်လား "
အရှေ့အရပ်နေနတ်အရှင်ရဲ့သားတော်|
နဂါးနက်ကို ဓားတစ်ချက်နဲ့နှိမ်နင်းခဲ့တဲ့l
ကောင်းကင်ဘုံက ဆင်းလာခဲ့တဲ့|
လူတွေရဲ့ ဖူးစာရေးကိုကူညီတဲ့|
လတ်လပ်ခြင်းကိုကိုယ်စားပြုတဲ့
မိုးပြာရောင်ကို သဘောကျတဲ့
ဖူးစာကြိုးပြာနတ်မင်း လန့်ချင်...
...
သုံးရက်ကြာပြီးနောက်...
ရှန်ပြည်အတွင်း ပိုးလမ်းမကြီးပေါ်၌
ကုန်စည်များသယ်ဆောင်လာသည့်
လှည်းတန်းတစ်ခုက တရွေ့ရွေ့လာလျက်
ရှိသည်။
မြင်းလှည်းပေါင်း သုံးဆယ်ကျော်ပါဝင်ပြီး
လှည်းအများစုက အနောက်ဘက်ပြည်များမှ
ထွက်သော ကုန်များအပြည့်သယ်လာကြ၏။
လှည်းတန်း၏ အရှေ့|အနောက်နဲ့
လှည်းတန်း၏ဘေးနှစ်ဘက်တွင်
လက်နက်ကိုင်အစောင့်အရှောက်တွေ
လိုက်ပါလာကြသည်။
နောက်ဆုံးနားရှိ လှည်းပေါ်တွင်
လူတစ်ယောက်က ကုန်သေတ္တာများကို
မှီထိုင်လျက် လိုက်ပါလာသည်။
ထိုလူ၏အသွင်မှာ ငယ်ရွယ်ပုံရပြီး
မိုးပြာရောင်ဝတ်စုံ၏အင်္ကျီလက်ကို
တံတောင်နားထိခေါက်တင်ထားပြီး
ဘယ်ဘက်ခြေထောက်ကို ညာဘက်ပေါင်ပေါ်
ခြေချိတ်တင်ထားကာ သီချင်းတစ်ပုဒ်ကို
သီဆိုလျက်ရှိသည်။
"ကိုယ်ဟာ ကောင်းကင်ဘုံရဲ့
သက်တံ့တိမ်တိုက်လွင်ပြင်ပေါ်မှာ
များပြားတဲ့နတ်မိမယ်တွေနဲ့
ပျော်ပါးခဲ့ဖူးတယ်...
လူ့လောကရဲ့ လှပပေ့ဆိုတဲ့
ထိပ်တန်းအလှပဂေးလေးတွေကို
ချစ်ရေးဆိုခဲ့ဖူးတယ်...
အဝါရောင်စမ်းရေလမ်းမကို
ဆိုးသွမ်းဝိဉာဉ်တွေကိုပို့ဆောင်ရင်း
အဖွားမုန့်ရဲ့မြေးမလေးနဲ့
ကလူကျီဆယ်ခဲ့ဖူးတယ်...
သုံးလောကမှာ ကိုယ်ဟာ
ပျိုတိုင်းကြိုက်တဲ့လုလင်ပျိုဖြစ်နေပါလျက်
အထီးကျန်တယ်လို့ ခံစားနေမိဆဲပါပဲ..."
သီချင်းသံဆုံးသည်နှင့် လှည်းနံဘေးက
ကုန်သည်တွေနဲ့ အစောင့်တွေက
သီချင်းကိုဝေဖန်ကြတော့၏။
"သီချင်းလည်းကောင်းတယ်
အသံလည်းကောင်းတယ် ဒါပေမဲ့
မင်းစာသားက မကြီးကျယ်လွန်းဘူးလား"
"ဟုတ်ပကွာ ဘယ်နှယ့်
ထိပ်တန်းမိန်းမလှလေးတွေတောင်မကဘူး
ကောင်းကင်ဘုံက နတ်သမီးတွေရော
မြေအောက်ကမ္ဘာငရဲပြည်က
အဖွားမုန့်ရဲ့မြေးမလေးတောင်မကျန်
ကြိုက်တဲ့ ယောက်ျားတဲ့လား။
အဲ့လိုယောက်ျားဒီကမ္ဘာမှာ
ရှိမယ်မထင်ပါဘူး "
ရှောင်ကျန်းက အသာအယာသာ
ပြုံးလိုက်သည်။ထို့နောက် ရှောင်ကျန်းက
ကုန်သေတ္တာကိုမှီနေရာမှ ကျောမတ်၍
ဆန့်ဆန့်ထိုင်လိုက်ကာ အညောင်းဆန့်ပြီး
အရက်ဘူးထဲမှ ဝိုင်တစ်ကျျိုက်
မော့သောက်လိုက်သည်။
နှုတ်ခမ်းမှာပေနေတဲ့ဝိုင်စက်တွေကိုပင်
လျှာဖြင့်သပ်လိုက်သေး၏။
"လောကသုံးပါးမှာ အဲ့လိုရူပကာရှိတဲ့
ယောက်ျားတစ်ကယ်ရှိတာပေါ့ "
"ဘယ်သူလဲ "
"ကောင်းကင်ဘုံပညာရှိ အဖြူ လေ "
"ဘယ်သူ ဘယ်ကအဖြူ တုန်း "
"လာနောက်နေတာလား ခင်ဗျားတို့
အဖြူ ကိုတောင်မသိဘူးလား "
"ငါတို့တကယ်မသိဘူးဟ "
"အဖြူ ဆိုတာ တစ်ခြားလူတော့မဟုတ်ဘူး။
လောကသုံးပါးသခင် ကျောက်စိမ်းဧကရာဇ်ရဲ့
ဦးရီးတော်ပဲ။ပန်ဂုက လောကသုံးပါးကို
ဖန်တီးခဲ့ပြီး နွီဝါးက လူသားနဲ့တခြားသက်ရှိတွေကိုဖန်တီးခဲ့တယ်။အဖြူ က ကောင်းကင်ဘုံရဲ့
ဒုတိယမြောက်နတ်မင်းပဲ။ပထမနတ်မင်းက
လက်ရှိကျောက်စိမ်းဧကရာဇ်ရဲ့ ဘိုးဘေး"
"နေပါဦးဟ...ပထမဆုံးနတ်မင်းက
လက်ရှိကျောက်စိမ်းဧကရာဇ်ရဲ့ ဘိုးဘေးဆို
အဖြူ က ဘယ်လိုလုပ် ဦးရီးတော်
ဖြစ်သွားတာတုန်း "
"ကောင်းကင်ဘုံရဲ့ပညာရှိနတ်မင်းအဖြူ က
ပထမဆုံးကျောက်စိမ်းဧကရာဇ်လောက်
အစွမ်းမထက်ပေမဲ့ သူ့မှာထူးခြားတဲ့
တန်ခိုးစွမ်းအင်တစ်ခုရှိတယ်...
အဲ့ဒါက..."
"ဒုန်း ဂျလိန်း "
"နင့်မေကြီးတော်တဲ့မှ
ကျောက်စိမ်းဧကရာဇ်သမီးနဲ့ငါနဲ့ညား "
"ဟီး ဟီး ဟီး ဟီး"
"ဟဲ့ မြင်း ဟာ့ "
ရုတ်တရက်ကြီး မိုးကြိုးတစ်စင်းက
ပိုးလမ်းမရဲ့ဘေးက သစ်ပင်ကြီးတစ်ပင်ကို
ထိမှန်လိုက်ရာ နှစ်ခြမ်းပင်ကွဲသွားစေသည်။
ရှောင်ချန်းက သူ့နဖူးသူပွတ်လိုက်ရင်း
ဝိုင်တစ်ကျိုက်မော့သောက်လိုက်ကာ
ယခုထက်ထိအံ့သြနေကြဆဲဖြစ်သည့်
ကုန်သည်များနှင့်အစောင့်များကို
ကြည့်လိုက်သည်။
"အားရိုး ကောင်းကင်ဘုံရယ်
ကျွန်တော်တောင်းပန်ပါတယ်...
ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို
နောက်ထပ် ထပ်မပြောတော့ပါဘူး "
ရှောင်ချန်းစကားကိုကြားသည့်သူတွေက
လုံးဝမယုံသောအကြည့်နဲ့ ရှောင်ကျန်းကို
ဝိုင်းကြည့်ကြသည်။
မင်းစကားကိုယုံမယ်ထင်လား...
ယောင်ပြီးအော်တဲ့စကားတောင်မှ
သောက်ကျိုးနည်းစကားကြီး...
ရှောင်ချန်းကတော့ ဝိုင်ကိုသာ
မော့သောက်နေဆဲပင်။
"အား အရသာရှိလိုက်တဲ့ "
"ဒီအချိန်မှာ ကောင်းကင်ဘုံက
သက်ရှည်မက်မွန်သီးလေးသာစားရရင်
ဘယ်လောက်ကောင်းမလဲ "
လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက
ရှာ့လိုင်ရွာမှာရှိတဲ့ သူ့ရဲ့အိမ်လေးကနေ
ထွက်လာပြီး ရှန်ပြည်ကိုခရီးဆက်နေခြင်းပင်။
ခရီးဆက်ရသည့်အကြောင်းရင်းကတော့
ရှန်ပြည်နန်းမြို့တော် တုန်းရှန်နန်းမြို့တော်မှာ
ကျင်းပသည့် အနုပညာလေးပါးပြိုင်ပွဲ
ဝင်ပြိုင်ရန်ဖြစ်သည်။
ဒီနှစ်ရဲ့ဆုက အရင်နှစ်တွေကလို
သာမန်ဆုမဟုတ်ဘဲ ခွန်းလွန်တောင်က
ဂိုဏ်းချုပ်ကိုယ်တိုင်ချက်လုပ်သည့်
ခွန်းလွန်နတ်မင်းဝိုင်ကိုပါ ချီးမြင့်မည်ဟု
ကြားသည်။တခြားဆုတွေလည်း
ပါဦးမည်ဖြစ်သော်လည်း
ရှောင်ကျန်းစိတ်ဝင်စားတာက
ခွန်းလွန်နတ်မင်းဝိုင်တစ်ခုတည်းသာ။
ကျောက်စိမ်းဧကရာဇ်ဆိုတဲ့ အဖိုးကြီးတောင်
ကြိုက်နှစ်သက်တဲ့ဝိုင်ဆိုမှတော့
ဘယ်လောက်တောင်မှ
အရသာရှိလိုက်လိမ့်မလဲဟုပင်။
ဒီနှစ်ပွဲတော်က ခါတိုင်းနှစ်တွေထက်
ဆယ်ဆlအဆတစ်ရာလောက်ကို
ကြီးကျယ်ခမ်းနားမည်ဖြစ်ပြီး
ဆုလာဒ်တွေက နှစ်တရာလျှင်
တကြိမ်တွေ့ဖို့ရန်ပင်မဖြစ်နိူင်သည့်
ဆုတွေချည်းသာဖြစ်သည်။
ဒါ့အပြင် ဒီပွဲတော်ကိုတက်ရောက်ကြမည့်
အတိုင်းတိုင်းအပြည်ပြည်က မိန်းမလှလေး
တွေနဲ့ မင်းသမီးလေးတွေကလည်း
လုံးဝကို ထိပ်တန်းအလှပဂေးလေးတွေဟု
ပြောဆိုနေကြသည်။
မိန်းမလှနဲ့ဝိုင်ကောင်း နှစ်မျိုးလုံးရှိနေမှတော့
ရှောင်ချန်းကို ဆွဲဆောင်နိူင်ဖို့
လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်၏။
...
အစောင့်အင်အားကောင်းသောကြောင့်
မည်သည့်ဓားပြအဖွဲ့နှင့်မှ မတိုးဘဲ
ရှန်ပြည် ဝါးတောအုပ်ကိုရောက်ရှိလာပြီး
ညအိပ်အနားယူရန် စခန်းချနေကြ၏။
"အာဝူးဝူး "
"ဝူးဝူးဝူး "
"ဖလပ် ဖလပ် ဖလပ် "
"ဂီး ဂီး "
ဝံပုလွေအော်သံများက စခန်းချနေရာ၏
ပတ်ပတ်လည်မှ ထွက်ပေါ်လာကြသည်။
လှည့်ကင်းတာဝန်ကျအစောင့်များက
အိပ်ပျော်နေသောအစောင့်များနှင့်
ကုန်သည်များကိုလိုက်နိုးလိုက်ကြသည်။
"ဓားပြတွေလား "
"ဓားပြတွေပဲဖြစ်ပါစေ ဆုတောင်းတယ်"
အနီရောင်အလင်းတစ်ခုက
ဝါးတောအုပ်ထဲကနေ တဖြည်းဖြည်း
လင်း၍ လင်း၍သာလာနေသည်။
လူတိုင်းက အနီရောင်အလင်းကိုကြည့်ပြီး
အံ့သြတုန်လှုပ်နေကြ၏။
အနီရောင်အလင်းက အနားရောက်လာ
သည့်အခါ ထိုအရာဘာလဲဆိုသည်ကို
ထင်ထင်ရှားရှားမြင်လိုက်ရသည်။
မင်္ဂလာဝေါယာဉ်ထမ်းသမားများ
ပတ်လေ့ရှိသည့် အဝတ်စကိုစီးထားသည့်
ဖုတ်အလောင်းလေးကောင်ထမ်းထားသော
အနီရောင်ဝေါယာဉ်တစ်ခုပင်ဖြစ်၏။
ကနုတ်ပန်းတွေကို ဝေါယာဉ်ပေါ်၌
လက်ရာမြောက်စွာထိုးထားပြီး
ဝေါယာဉ်တစ်ခုလုံးကိုလည်း အနီရောင်
အဝတ်စများဖြင့် မင်္ဂလာဝေါယာဉ်သဖွယ်
ချည်နှောင်ထားသည်။
ဝေါယာဉ်ခန်းစီးစပွင့်သွားပြီးနောက်
မင်္ဂလာသတို့သမီးဝတ်စုံကို
ဝတ်ဆင်ထားပြီး မျက်နှာကိုဇာပုဝါနီဖြင့်
ဖုံးထားသည့် မိန်းကလေးတစ်ယောက်
ထွက်လာသည်။
သတို့သမီးဝတ်စုံအောက်မှာမြင်နေရသည့်
ခန္ဓာကောက်ကြောင်းများနှင့် ဇာပုဝါအောက်မှ
ဖြူ ဖွေးစိုပြည်သောအသားအရေက
မိန်းမလှလေးတစ်ဦးဖြစ်ကြောင်းဖော်ပြနေသည်။
မိန်းမလှလေး၏လက်ထဲတွင် ကြိုးကြာနီများ
ဖြင့်ပုံဖော်ထားသည့် အနီရောင်ယပ်တောင်
တစ်လက်ကို သိမ်မွေ့စွာကိုင်ဆောင်ထားသည်။
သို့ပေမဲ့ အစောင့်ခေါင်းဆောင်၏အမိန့်အရ
အစောင့်များက သူတို့၏ဓားများကို
စင်ကြယ်ရေစင်နဲ့ဖြန်းထားလိုက်ကြသည်။
တချို့သောကုန်သည်များက ငေးငိုင်လျက်
ထိုမိန်းမလှလေးဆီ လမ်းလျှောက်သွားနေ၍
နီးစပ်ရာအစောင့်များက ပြန်ဆွဲထားလိုက်ရ၏။
အစောင့်ခေါင်းဆောင်က သိုင်းလောကမှ
အဖြူရောင်သူရဲကောင်းတစ်ဦးနှယ်
တည်ကြည်ခန့်ညားသည့် ဥပဓိရုပ်သွင်
ရှိသူတစ်ဦးဖြစ်သည်။
ထိုသူက ရှေ့ထွက်လာပြီး ထိုမိန်းမလှလေးနဲ့
မျက်နှာချင်းဆိုင်လိုက်သည်။
"ယဲ့တုန်းနီကွေရှင်းညောင်
(ယပ်တောင်နီတစ္ဆေသတို့သမီး)"
မင်းက ဒီနေရာနဲ့အရမ်းဝေးတဲ့
အနောက်မြောက်အရပ်ကနေ
ရှန်ပြည်ကို ဘာအကြောင်းနဲ့များ
ရောက်လာရတာလဲ "
"ခစ် ခစ် ခစ် "
မင်္ဂလာသတို့သမီးဝတ်စုံအောက်က
ရယ်သံလွင်လွင်လေးက သာယာလှသော်
လည်း အစောင့်များအတွက်တော့
ထိုရယ်သံက ဝံပုလွေအူသံနဲ့
ငှက်ဆိုးထိုးသံများထက်ပင်
ကြက်သီးထဖွယ်ကောင်းပေသည်။
အစောင့်ခေါင်းဆောင်က မျက်မှောင်ကြုတ်
မိလိုက်သည်။ယပ်တောင်နီတစေ္ဆသတို့သမီးက
အစွမ်းထက်ပေမဲ့ သူတို့သိမ်းငှက်ဖြူ
အစောင့်အဖွဲ့က ညံ့သည်ဟုမဆိုလိုပေ။
တကယ်တမ်းတိုက်ခိုက်ရမည်ဆိုပါက
ယပ်တောင်နီတစ္ဆေသတို့သမီးကို သတ်နိူင်ရန်
ရှစ်ဆယ်ရာခိုင်နှုန်းသေချာမှုရှိပေသည်။
သူတို့ဘက်ကလဲ အကျအဆုံးများ
ရှိနိူင်သောကြောင့် သူမနဲ့ မလိုအပ်ပဲ
မတိုက်ခိုက်ချင်ပေ။
"ဒီလိုပါပဲ ဂါရဝပြုစရာစုဝေးပွဲလေးရှိနေလို့ပါ။
ရှင်တို့နဲ့ကတော့ လမ်းကြုံတာပေါ့ "
"ငါ့ရဲ့ ဖုတ်ကောင်အသစ်လေးတွေကလဲ
ဗိုက်ဆာနေပြီလေ "
စကားဆုံးဆုံးခြင်းပင် ဝါးတောအုပ်ထဲမှ
ဖုတ်ကောင်များစွာထွက်လာပြီး
ကုန်အဖွဲ့ကို ဝိုင်းရံလိုက်ကြသည်။
နောက်ထပ်ရောက်လာသည့် ဖုတ်ကောင်တွေကိုကြည့်ပြီး အစောင့်ခေါင်းဆောင်၏မျက်နှာက
ခက်ထန်သွားသည်။
ယပ်တောင်နီတစေ္ဆသတို့သမီးကိုတောင်
အကျအဆုံးရှိမှာစိုးလို့ မတိုက်ချင်ခဲ့တာ
အခုတော့ အနည်းဆုံးခုနှစ်ဆယ် ရှစ်ဆယ်
တော့ရှိမယ့် ဖုတ်ကောင်တပ်ဖွဲ့ကြီးက
ပေါ်လာပြန်ပြီ။
တစ်ဖက်က ရန်သူဆိုတာကျိန်းသေနေမှတော့
အချိန်မဆွဲတော့ဘဲ လက်ဦးမှုယူဖို့ဆုံးဖြတ်
လိုက်သည်။
အစောင့်ခေါင်းဆောင်က သူ့ကျောမှာ
လွယ်ထားတဲ့ ဓားအိမ်ထဲက
နှစ်ဖက်သွားဓားရှည်ကို ဆွဲထုတ်ပြီး
ယပ်တောင်နီတစ္ဆေသတို့သမီးကို
ခုန်ဝင်တိုက်ခိုက်လိုက်သည်။
သူတစ်ယောက်ထဲဆိုမနိူင်မှန်းသိပေမယ့်
အနည်းဆုံးတော့ သူ့လူတွေက
ဖုတ်ကောင်တွေကိုရှင်းပြီးတဲ့အထိ
အချိန်ဆွဲပြီးခုခံထားရန်ဖြစ်သည်။
ယပ်တောင်နီတစေ္ဆသတို့သမီးကလည်း
တခစ်ခစ်ရယ်မောလျက် သူမရဲ့ယပ်တောင်
နီနီလေးဖြင့် ဓားရှည်ကိုပိတ်ဆို့ကာ
ပြန်လည်တိုက်စစ်ဆင်နေသည်။
အစောင့်တပ်ဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်
နှစ်ယောက်က ကျန်တဲ့သိမ်းငှက်ဖြူ အစောင့်
နှစ်ဆယ့်နှစ်ယောက်ကိုဦးဆောင်ပြီး
ဖုတ်ကောင်တွေကို တဟုန်ထိုးတိုက်ခိုက်
ကြသည်။
ရုတ်တရက်မိုးပြာရောင် အလင်းတစ်ချက်
လက်သွားပြီး ယပ်တောင်နီတစေ္ဆသတို့သမီးနဲ့
အစောင့်ခေါင်းဆောင်တို့ကို တိုက်ခိုက်နေရာမှ
လူချင်းကွဲသွားစေသည်။
ယပ်တောင်နီတစ္ဆေသတို့သမီးနဲ့
အစောင့်ခေါင်းဆောင်အကြားမြေကြီးတွင်
ဓားခုတ်ရာခဲ့သို့ နက်ရှိုင်းသောအရာ
တစ်ခုရှိနေပြီး မိုးပြာရောင်ဓားတစ်လက်က
လေထဲတွင် တည်ငြိမ်စွာရပ်နေလျက်ရှိသည်။
"ဖြူး" " ဖြူး "
အေးမြတဲ့လေပြည်လေညှင်းလေးက
ဝါးတောထဲမှထွက်ပေါ်လာပြီး ဤနေရာတွင်
ရှိနေသူတိုင်း၏ မျက်နှာနဲ့အဝတ်အစားတွေကို
တိုက်ခတ်သွားသည်။
မိုးပြာရောင်ဝတ်စုံဝတ်ဆင်ထားသည့်
ချောမောသည့်လုလင်ပျိုတစ်ယောက်က
လရောင်အောက်တွင် ဝါးပင်များအထက်မှ
ငှက်မွေးလေးလိုပေါ့ပါးစွာ ဆင်းသက်လာပြီး
မိုးပြာရောင်ဓားအပေါ် ရပ်လိုက်သည်။
သူ၏ခါးတွင် သာမန်အသွင်သာရှိသည့်
အနက်ရောင်ဝိုင်အိုးနဲ့ဓားအိမ်အလွတ်တစ်ခု
ရှိနေသည်။
"မတွေ့တာကြာပြီနော် ယပ်တောင်နီလေး"
ယပ်တောင်နီတစေ္ဆသတို့သမီး၏
ဒူးနှစ်ဖက်က တဆတ်ဆတ်တုန်လာသည်။
ဝတ်ရုံပြာနဲ့သူ၏အပြုံးကို ယခုထက်ထိ
မှတ်မိနေဆဲပင်။လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က
သူ ယပ်တောင်နီတစေ္ဆသတို့သမီးရယ်လို့
စွမ်းအားကြီးမလာခင် သာမန်တစ္ဆေသာ
ဖြစ်ခဲ့စဉ်က စွမ်းအားတိုးလာစေရန်
ယန်ဓာတ်များတဲ့ယောက်ျားကိုသတ်ပြီး
နှလုံးသားကိုစားနေစဉ် ထိုသူနဲ့
ပက်ပင်းတိုးခဲ့သည်။
ထိုအချိန်က ထိုလူကိုနှောင့်ယှက်သည့်
စွမ်းအားကြီးတစေ္ဆညီနောင်သုံးဖော်သာ
မရှိခဲ့လျှင် သူဆိုတာ ထိုအချိန်ကတည်းက
မြေအောက်ငရဲပြည်ကို သွားနေရလောက်ပြီ
ဖြစ်သည်။
ထိုသူတို့၏တိုက်ပွဲအဆုံးသတ်ကိုမမြင်ခဲ့ရပေမဲ့လည်း ထိုနေ့မှစပြီး အနောက်မြောက်ပြည်တွေ
ဘက်မှာ တစေ္ဆညီနောင်သုံးဖော်ဆိုတာ
နောက်တစ်ကြိမ်ထပ်ပေါ်မလာတော့ချေ ။
တစေ္ဆတစ်ကောင်သေလျှင်
သေသည့်နေရာတွင် ထိုတစ္ဆေ၏
အငွေ့အသက်အချျို့ကျန်နေခဲ့ပေမဲ့
တစေ္ဆညီနောင်သုံးဖော်၏အငွေ့အသက်က
ထိုနေရာတွင်လုံးဝမရှိသလို မည်သည့်နေရာ
တွင်မှလည်း မတွေ့ခဲ့ရပေ။
ထိုအချိန်က တစေ္ဆညီနောင်သုံးဖော်၏
စွမ်းအားက လက်ရှိသူ့ထက်ပင်သာသေးရာ
နှစ်နှစ်ဆယ်ကြာပြီးနောက်တော့
ပို၍ပင်အစွမ်းထက်လာမည့်
မိုးပြာရောင်ဝတ်ရုံဝတ်ဓားသမားကို
ဘယ်နည်းနဲ့မှနိူင်မည်ဟုမထင်ပါပေ။
ယပ်တောင်နီတစေ္ဆသတို့သမီးက
မိုးပြာရောင်ဝတ်ရုံဝတ်ယောက်ျားရှေ့မှာ
ရုတ်တရက်ဒူးထောက်ချလိုက်ရာ
အစောင့်များနှင့်ကုန်သည်များအားလုံး
မျက်လုံးပြူးကုန်ကြသည်။
"ဆရာ...ဆရာသခင်ကြီး
ကျေးဇူးပြု ပြီး ကျွန်...ကျွန်မကို လွှတ်ပေးပါ
ဆရာကြီးရှေ့...နောက်တစ်ခေါက်
ပေါ်မလာတော့ဘူးလို့ ကတိပေးပါတယ်
ကျွန်မရဲ့ အရိုးပြာနဲ့ကျိန်ဆိုရဲပါတယ် "
တစ္ဆေတစ်ကောင်ရဲ့အားနည်းချက်က
ထိုတစေ္ဆ၏ အရင်ခန္ဓာကိုယ်ကို
သဂြိုလ်ရာမှထွက်ပေါ်လာသည့် အရိုးပြာပင်
ဖြစ်သည်။မည်မျှစွမ်းအားကြီးသည့်
တစေ္ဆဖြစ်နေပါစေ အရိုးပြာကိုသာ
ဖျက်ဆီးခံရပါက ပြန်လည်ဝင်စားဖို့
အခွင့်အရေးတောင်မရှိနိူင်တော့ဘဲ
ထာဝရပျောက်ကွယ်သွားမည်သာဖြစ်၏။
"ကျွန်မ ကျွန်မ နဲ့ဘာလို့ပြောနေတာလဲ
မင်းက ယောက်ျားတစ်ယောက်ပဲဟာကို"
"ဘာ " ဒီတစ်ခါတော့ တခြားသူတွေသာမက
ယပ်တောင်နီတစေ္ဆသတို့သမီး မဟုတ်သေး
ယပ်တောင်နီတစ္ဆေဟုသာ ခေါ်ရမည့်သူပင်
အံ့သြလွန်း၍ မျက်လုံးပြူးသွားသည်။
ရှောင်ချန်းက အင်္ကျီရင်ဘတ်ထဲကနေ
စာအုပ်တစ်အုပ်ကိုထုတ်လိုက်ပြီး
မန္တန်တစ်ခုကိုရွတ်ဆိုလိုက်သည်။
စာရွက်အလွတ်များဖြင့်သာပြည့်နေခဲ့သော
စာအုပ်က ယခုအခါ သူတစ်ယောက်တည်းသာ
မြင်နိူင်သည့် စာများနှင့်ပြည့်နေခဲ့ပြီဖြစ်၏။
"မှန်းစမ်း ဘယ်နားမှာပါလိမ့် တွေ့ပြီ "
"ဖျောက် "
ရှောင်ချန်း လက်ဖျောက်တစ်ချက်တီးလိုက်ရာ
အစောင့်ခေါင်းဆောင်|ယပ်တောင်နီနဲ့
ဖုတ်ကောင်များကလွဲပြီး တခြားသူတိုင်းက
မေ့လဲကျသွားကြသည်။
"လီဝေ့မင်...နင်ပြည်...မိုးခမြို့တော်...
ချစ်တဲ့ယောက်ျားကိုလက်ထပ်ဖို့အတွက်
သဘောမတူတဲ့ကိုယ့်မိဘတွေကိုပြန်သတ်ခဲ့ပြီး
မင်္ဂလာဦးညမှာ မင်းယောက်ျားလေးမှန်း
သိသွားတဲ့ မင်းရဲ့ချစ်သူကိုလဲ သတ်ပြီး
ကိုယ့်ကိုကိုယ်ကြိုးဆွဲချသေခဲ့တယ်...
သေဆုံးချိန်မှာ အသက် ဆယ့်ခုနှစ်သာ
ရှိသေးတယ်...အဲ့ဒါ မင်းပဲလေ"
မျက်နှာကာဇာပုဝါက ပြုတ်ကျသွားပြီး
မိန်းကလေးများပင် အားကျမနာလိုလောက်သည့် မျက်နှာချောချောလေးကပေါ်ထွက်လာသည်။
"ငရဲမှတ်တမ်းစာအုပ်လား...ရှင်က
ငရဲတမန်တော်လား "
ဘာကြောင့် တစ္ဆေညီနောင်သုံးဖော်
အငွေ့အသက်ပင်မကျန်ခဲ့ဘဲ
ပျောက်ကွယ်သွားရသလဲဆိုတာကို
အဖြေသိလိုက်ရပြီဖြစ်သည်။
ထိုညီနောင်သုံးယောက်က ငရဲကို
ခေါ်ဆောင်သွားခံလိုက်ရခြင်းပင် ။
သူထွက်ပြေးဖို့ လုပ်ပေမဲ့ အနက်ရောင်
သံချိန်းကြိုးတွေက မြေကြီးထဲကထွက်လာပြီး
ချုပ်နှောင်ထားလိုက်သည်။
"ရုန်းမနေနဲ့ ငရဲချိန်းကြိုးတွေက
လွတ်နိူင်တဲ့ တစေ္ဆက ဒီလောကမှာ
လွုံးဝမရှိတာမဟုတ်ပေမဲ့ မင်းကတော့
မလွတ်နိူင်တာ သေချာတယ် "
ဖုတ်ကောင်တွေက ရှောင်ချန်းကို
တိုက်ခိုက်ဖို့လုပ်ပေမဲ့ လက်တစ်ချက်အဝှေ့မှာ
ပင် တကောင်ပြီးတကောင်ပျက်စီးသွားရသည်။
အစောင့်ခေါင်းဆောင်၏မျက်စိရှေ့မှာပင်
ရှောင်ချန်းက လီဝေ့မင်ကို စာအုပ်ထဲ
ဖမ်းထည့်သွားပြီး ဓားကိုစီးနင်းကာ
ညကောင်းကင်ယံ၌အလင်းတန်းလေးအဖြစ်
ပျောက်ကွယ်သွားသည်။
ရှောင်ချန်း က အစောင့်ခေါင်းဆောင်ကို
သတိပေးစကားပြောခဲ့သေးသည်။
"မကောင်းတဲ့အရာကိုမလုပ်နဲ့
မင်းသာ မကောင်းတာလုပ်ခဲ့ရင်တော့
တစ်နေ့ ငါ လာဖမ်းရလိမ့်မယ် "
"တစ်နေ့ တမလွန်မှာတွေ့ကြတာပေါ့ "
"ဝေါယာဉ်နီနဲ့ဖုတ်ကောင်တွေကိုလဲ
မီးရှို့ဖျက်ဆီးပစ်လိုက်ဦး "
အစောင့်ခေါင်းဆောင်က သတိမေ့လဲနေသော
အစောင့်တွေနဲ့ ကုန်သည်တွေကို ကြည့်လိုက်l
ထီးထီးတည်ရှိနေသော ဝေါယာဉ်နဲ့
အသက်မရှိတော့သောဖုတ်ကောင်များကို
ကြည့်လိုက်နှင့် သူနဲ့ဘာမှမဆိုင်သလို
လှပစွာထွန်းလင်းနေဆဲဖြစ်သည့် လမင်းကြီးကို
မော့ကြည့်လိုက်သည်။
အစောင့်တွေကိုနှိုးကြည့်ပေမဲ့ တစ်ယောက်မှ
မနိုးတာကြောင့် သူတစ်ယောက်တည်း
အကုန်စုပြီးမီးရှို့လိုက်ရသည်။
မနက်နေထွက်သောအခါမှသာ
သတိမေ့နေတဲ့အစောင့်တွေနဲ့ကုန်သည်တွေ
နိုးလာကြပြီး အစောင့်ခေါင်းဆောင်ကို
မြင်သည့်အခါ ညက ဘာဖြစ်သွားသည်လဲ
ဆိုတာကိုဝိုင်းမေးကြပြီး အစောင့်ခေါင်းဆောင်ကလဲ ဖြစ်ခဲ့သမျှကို အမှန်အတိုင်း
ပြောပြလိုက်သည်။
လှည်းတန်းကိုပြန်စုပြီး ခရီးထွက်သည့်အခါမှ
လူတစ်ယောက်ပျောက်နေမှန်းသိလိုက်ရသည်။
သူတို့နဲ့ လှည်းကြုံလိုက်စီးလာသည့်
ရှောင်ချန်းဆိုသည့်လူငယ်လေးပင်။
ညက အမည်ပင်မပြောသွားသည့်
ကျေးဇူးရှင်နဲ့သွင်ပြင်တိုက်ကြည့်လိုက်သည့်အခါ ညက ထိုစွမ်းအားကြီးသည့်သူက
ထို ရှောင်ချန်းဆိုသူမှန်း သိလိုက်ရသည်။