part-1

924 Words
1000ခုနှစ် အာရှတိုက်တစ်ခွင်ကိုကြီးစိုးတဲ့ လန် ဧကရာဇ် မင်းကြီး သူဟာ ရန်သူတွေမရှိသလောက်ရှားပါတယ် အဘယ်ကြောင့်ဆိုသော် သူသည်အင်မတန်မှရက်စက် ပါတယ် အင်မတန်မှ ဘုန်းတန်ခိုး ကြီးတဲ့မင်းတစ်ပါးဖြစ်တယ် သူ့ဖခင်ပြန်လွန်တော်မူတဲ့အချိန်တည်းက မင်းဖြစ်ခဲ့တာဖြစ်တယ် သူမင်းဖြစ်ခဲ့တဲ့အချိန်မှာ သက်တော်ဟာ 10နှစ်သာရှိပါသေးတယ် လန်တိုင်းပြည်ဟာလည်း သူ့လက်ထက်မှာ အင်မတန်မှပိုပြီးတိုးတက်လာခဲ့တယ် ယခုတွင်သူသည် 18နှစ်ပြည့်တော့မည်ဖြစ်သည် သူအုပ်စိုးလာတဲ့ 8နှစ်အတွင်း အာရှတိုက်တခွင်သူ့ကိုအာခံရဲသူ မရှိခဲ့ပေ သူ့ကို သမက်တော်ချင်တဲ့တိုင်းပြည်များလည်း အင်မတန်မှပေါလေသည် အတိုင်းတိုင်းအပြည်အပြည်က ဆက်သတဲ့ မင်းသမီးတွေ အိမ်တော်တွေက ဆက်သတဲ့ သခင်မလေးတွေတွေ အနောက်ဆောင်မှာအပြည့်ပင် သူ့ကိုဆက်သတဲ့ထဲမှာ ကောတွေလည်း ပါလေသည် ကောဆိုတာ ယောက်ကျားလေး က ကိုယ်ဝန်ဆောင်နိုင်တဲ့လူမျိုးဖြစ်သည် သူတို့သည် မိန်းမများနှင့်မရှားပေ ယောက်ကျားလေး လိင်ပါနေတာလေးသာ မတူတာဖြစ်လေသည် အခုလည်း သူအသက် 18နှစ်ပြည့်မွေးနေ့မှာ နေရာအရပ်ရပ်က ဆက်သလိုက်တဲ့ကြင်ယာတော်အဖြစ်ရောက်လာတဲ့ မိန်းမ တွေ ကောတွေ ရောက်လိမ့်မည် "မင်းကြီး မနက်ဖြန် မင်းကြီးတဲ့ မွေးနေ့မှာ အနယ်နယ်အရပ်ရပ်က ကြင်ယာတော်တွေ ရောက်ပါလိမ့်မယ် " "အင်း" "ပြောစရာမရှိရင်ညီလာခံသိမ်းမယ်" လန်ကျန့် ထွက်လာခဲ့လိုက်တော့သည် ရှောင်းအိမ်တော်တွင် ေဝ့အိမ်တော်ဟာ လန်တိုင်းပြည်ရဲ့လက်အောက်ခံ ရှောင်းတိုင်းပြည်တွင်ရှိတာဖြစ်သည် အရင်ဝေ့သခင်ကြီး မရှိတော့တဲ့အခါ ဝေ့သခင်ကြိးတဲ့အငယ်အနှောင်းက သူ့လင်ကိုအိမ်ပေါ်ခေါ်တင်ကာ သခင်ဖြစ်ထားလိုက်လေသည် ဝေ့သခင်ကြီးတဲ့ သားအငယ်ဆုံးလေးဖြစ်တဲ့ ဝေ့ရင်းကိုတေ့ အိမာကအစေခံအဖြစ်ထားလေသည် သူ့အကို ကိုတော့ ခြံစောင့်အဖြစ်ထားလေသည် ဝေ့ရင်းရဲ့ အမကိုတော့ မီးဖိုချောင်မှာလုပ်လိုင်းလေသည် အငယ်အနှောင်း ရဲ့သမီးကတော့ သခင်မလေးပေါ့ အကိုကလည်းကောဖြစ်နေတာကတစ်ကြောင်း မမနဲ့ဝေ့ရင်းက ခွင့်လွှတ်တက်နေတာကတစ်ကြောင်း သူတို့ခိုင်းတာသာလုပ်ပေးနေလိုက်တယ် ဝေ့ရင်းရယ် သူ့အကိုရယ်က ကောတွေဖြစ်တယ် ကောဆိုတဲ့အတိုင်း ကြာပန်းလေးလို အထိမခံဘူးပေါ့ "ဟက် ဝေ့ဝူရှန့် လာခဲ့စမ်းငါစားဖို့ မုန့်သွားယူခဲ့" အခုခေါ်လိုက်တဲ့သူကတော့ ဝေ့ကျူးကျူးချင်း အငယ်အနှောင်း ရဲ့သမီးပေါ့ "ဟုတ်ကဲ့ သခင်မလေး" "မမရေ သခင်မလေးက မုန့်ယူခိုင်းလိုက်လို့ ယူသွားမယ်နော် " "ယူသွားလေ အားရှန့်" "ဟုတ်မမ" အားရှန့်လေးကိုကြည့်ပြီး သူမသနားနေမိသည် သူမရဲ့မောင်လေး အားရှန့်သည် အင်မတန်ကိုလှပါသည် ဘယ်သူမှမနိုင်တဲ့အလှမျိုးရှိတာ ဒါပင်မဲ့အမြဲ စုတ်စုတ်ပြတ်ပြတ် ဖြစ်နေတာကတကြောင်း အဝတ်စားတွေမရှိတာကတစ်ကြောင်း သူ့လေးရဲ့အလှက မှေးမှိန်နေတာပေါ့ မျက်နှာဖြူဖြူလေးကလည်း ဖုန်တွေကြောင့်မဲလို့ ကျွန်တော့မမနမည်က ဝေ့ယန်းလီပါ ကိုကိုနမည်က ဝေ့ ကျန်းချန် ကျွန်တော်တို့ကသိပ်ချစ်တဲ့မောင်နှမတွေပေါ့ အမှန်တိုင်းပြောရရင် ကျွန်တော်ကောမဖြစ်ချင်ဘူး ယောက်ကျားလေးဖြစ်ပြိး မိန်းကလေးလိုတွေလုပ်ပေးနေရတာမကြိုက်ဘူး ကောတွေကလည်း မိန်းကလေးတွေလို နို့တွေလည်းအသက်အလိုက်ကြီးလာတယ် လက်ထက်ရင်လည်း ယောက်ကျားလေးဘဲလက်ထက်ရမယ်တဲ့လေ ဟူးး "ဝေ့ဝူရှန့်!" "ဗျာသခင်ကြီး" "မင်းနန်းတော်ကိုကြင်ယာတော်အဖြစ်သွားရမယ်" "ဗျာဘာဘာဖြစ်လို့လဲဟင်" "မင်းရဲ့သခင်မလေးကမသွားချင်ဘူးတဲ့ လန်ဘုရင်လို ရုပ်စိုးစိုးလူကိုလက်မထပ်ချင်ဘူးတဲ့ အက်တာကြောင့်မင်းသွားရမယ်" "ဗျာ မ မသွားပါရစေနဲ့ သခင်ကြီးရယ်" "မသွားလို့မရဘူး လာစမ်းဟေ့ သူကိုရေချိုး သန့်စင်ပေးလိုက် အဝတ်အစားတွေက သွားဝယ်ခိုင်းတယ် ခေါ်သွားကြ" "သခင်ကြီး သခင်ကြီးမလုပ်ပါနဲ့ " ရေချိုးကန်တွင် "ရပါတယ်ကို့ဘာသာဘဲလုပ်လိုက်မယ် " "ကောင်းပြီလေ" "ဟင့် ဘာလို့ ဘလို့ ငါမှလဲ အဟင့်" ဝေ့ရင်းမျက်ရည်တွေကျလျက်သာရေချိုးသန့်စင်လို့ပြီးသွားတယ် သူထွက်လာတော့ ဗန်းပေါ်မှာ တင်ထားတဲ့ သူ့အတွက်အင်းကျီကိုဝတ်လိုက်တယ် ဝတ်စုံ အဖြူနဲ့အဝါနဲ့ကို စပ်ထားတာ ရိုးရိုးရှင်းရှင်းပါ ဘဲ သူလည်းဆံပင် ဖြီးပြီးထွက်လာလိုက်တယ် သူထွက်လာတာနဲ့ မမတို့ကိုတောင်နှုတ်ဆက်ချိန်မရဘူး ဝေါယဥ်ပေါ် တခါတည်းတက်ရတယ် သူလည်းငိုနေမိတယ် အဲ့လိုနဲ့ လန်တိုင်းပြည်ဆီထွက်လာခဲ့တော့တယ် (သူတို့ကလန်ကျန့်ကိုအပြင်မှာမမြင်ဘူးလို့ ရုပ်စိုးတယ်ထင်နေတာပါ တိုင်းပြည်တွေကတော့သိကြတယ်လေ သူတို့ကမြင်ဘူးတယ်အဲ့တာကြောင့်သမက်တော်ချင်ကြတာ တချို့ကြတော့လည်း လန်တိုင်းပြည်ရဲ့ကြွယ်ဝမှုကြောင့်ပေါ့နော်)
Free reading for new users
Scan code to download app
Facebookexpand_more
  • author-avatar
    Writer
  • chap_listContents
  • likeADD