bc

Classroom Of Elite Year 1

book_age18+
2
FOLLOW
1K
READ
mystery
campus
like
intro-logo
Blurb

အခုမှ စပြန်ဖူးတာ မို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါ။ မူရင်းအပိုင်းကို မြန်မာဘာသာပြန်ဆိုထားတာဖြစ်ပါတယ်

chap-preview
Free preview
နိဒါန်း - ဂျပန် လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံ
မေးရတာ ရုတ်တရက်ကြီး ဖြစ်ပေမဲ့ ကျွန်တော်မေးတဲ့ မေးခွန်းကို သေချာလေး စဉ်းစားပြီး သေချာလေး ဖြေပေးပါ မေးခွန်း - လူတွေက တန်းတူ ညီမျှလား မညီမျှဘူးလား? ဒီခေတ်ထဲမှာ၊ လူ့အဖွဲ့အစည်းတိုင်းက ပြောရတာ ကြိုက်တဲ့ အကြောင်းက တန်းတူညီမျှရေးပဲ။ လူတွေက ယောက်ျားတွေနဲ့ မိန်းမတွေကို တန်းတူဆက်ဆံပေးဖို့ ပြောကြတယ်၊ ပြီးတော့ လူ့အဖွဲ့အစည်းကို ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ အော်ကြ ပြောကြတယ်။ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရဖို့၊ ကျားမ မရွေး ကိုယ်ပိုင်ကားစီးနိုင်ဖို့၊ ပြီးတော့ အိမ်ထောင်စု စားရင်း မှတ်ပုံတင်မှာတောင် နာမည်က အစဉ်လိုက် အတိုင်း မဟုတ်လို့ဆိုပြီး အပြစ်ရှာကြံပြီး ပြောကြတယ်။ မသန်မစွမ်းတဲ့ လူတွေ အတွက်တောင် တန်းတူ ဆက်ဆံပေးဖို့ ထောက်ခံကြတယ်။ အဲ့တာကို အခု လူတွေက "မသန်မစွမ်း လူများ" ဆိုတဲ့ အသုံးအနှုန်းကြီးကို ဆက်မသုံးတော့ဖို့ အားပေးကြပါတယ်။ ကလေးတွေကိုလည်း လူတိုင်းဟာ တန်းတူညီမျှပါတယ် ဆိုပြီး သင်ပေး‌ နေပါတယ်။ အဲ့တာတွေက တကယ်ရော မှန်ရဲ့လား? ဆိုပြီး ကျွန်တော် သိချင်ပါတယ် အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်း‌တွေသာ မတူညီကြရင် သူတို့ရဲ့ လုပ်ရမဲ့ အခန်းကဏ္ဍတွေလည်း ကွဲပြားခြားနားကြမှာပဲ။ မသန်စွမ်းတဲ့ လူတွေကိုတော့ ဘယ်လိုပဲ သှုံးနှုန်းပြီး ပြောပြော "မသန်စွမ်းတဲ့သူက မသန်စွမ်းတာပဲ". ပြောသမျှ အားလုံးကို ဘယ်သူမှ ဂရုမစိုက်ရင် ဒါတွေက ဘာမှ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် ပြောရရင်၊ အဖြေကတော့ မညီမျှပါဘူး။ လူသားတွေဆိုတာ မတူညီတဲ့ ဖြစ်တည်မှုပါ၊ အစစ်အမှန် တူညီတဲ့သူတွေ ၊တန်းတူညီမျှကြတဲ့ လူတွေဆိုတာ မရှိပါဘူး။ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပြောဖူးတယ်။ "ဘုရားသခင်က ဘယ်သူထက် သာစေ ဘယ်သူထက် အောက်ကျစေ ဆိုပြီး မလုပ်ထားပါဘူး" တဲ့။ ဒါပေမဲ့ အဲ့လိုဆိုတိုင်း လူတိုင်းက တန်းတူညီမျှသွားတာ မဟုတ်ဘူး။ အဲ့ဒီစာပိုဒ်က အဲ့မှာပဲ ပြီးသွားတာ မဟုတ်ဘူး သိလား? ကျန်တဲ့ စာသားတွေက ဒီလိုရေးထားတာ : "လူတိုင်းဟာ ‌မွေးဖွားပုံ မွေးဖွားခြင်း တူညီကြတယ်" တဲ့။ ဒါဆို ကျွန်တော် မေးမယ်၊ ဘာလို့ လူတွေရဲ့ အလုပ်နဲ့ အခြေအနေတွေက မတူညီကြတာလဲ? အဲ့ဒီစာသားကို စာပိုဒ်ရဲ့ ဒုတိယ တစ်၀က်လောက်မှာ ရေးထားတာ။ လူတစ်ယောက်က စာသင်နှစ်မှာ ကြိုးစားပန်းစား ရုန်းကန်ပြီး စာလုပ်ခဲ့လို့ ဒါမှမဟုတ် လုံလောက်တဲ့အထိ စာမကြိုးစားခဲ့လို့ အဲ့ဒီအလုပ်နဲ့ အခြေအနေတွေက ခြားနားသွားရတာလား? မတူညီခြင်း ခွဲခြားခြင်းကို ကျောင်းမှာပဲ ဖန်တီးခဲ့တာ။ အဲ့တာက နာမည်ကြီးတဲ့ "ပညာသင် လေ့လာခြင်း" ဆိုတဲ့ နေရာမှာပေါ့။ ဒီလို သင်ကြားရေးစနစ်တွေက ယခု ခေတ်သစ်၂၀၁၅ခုနှစ် အထိတောင် လုံး၀ မပြောင်းလဲသွားဘူး။ ဘယ်လိုပဲ ပြောပြော အခြေအနေကတွေက အရမ်းရှုပ်‌ထွေးပြီး ပိုပြီး လေးနက်လာတယ်။ ဒါအပြင် လူ‌သားတွေက တွေးတော ဆင်ခြင်နိုင်တဲ့ သက်ရှိတွေလေ။ လူတွေဟာ သူတို့ရဲ့ စရိုက်လက္ခဏာအတိုင်းပဲ အသက်ရှင်သွားသင့်တယ်လို့တော့ မပြောသင့်ဘူးထင်တယ် ဘာလို့ဆို အခြေအနေတွေက မမျှတဘူးလေ။ တနည်းအားဖြင့် ပြောရရင် "တန်းတူညီမျှခြင်း" ဆိုတဲ့ စကားလုံးက အလိမ်အညာတွေနဲ့ မုသားတွေ အပြည့်ပဲ ဒါပေမဲ့ မညီမျှမှု မမျှတမှုကိုလည်း လက်မခံပေးနိုင်ဘူးဗျ။ လူ‌သားတွေ ရင်ဆိုင်နေရတဲ့ ထာ၀ရ ပြဿနာတစ်ခုအတွက် အဖြေအသစ်ကို ကျွန်တော်က ကြိုးစားပြီး ရှာပေးနေတာပါ။ ဟေ့လူ၊ ဒီစာအုပ်ကို လက်မှာကိုင်ပြီး ကြည့်ဖတ်နေတဲ့ သူကိုပြောတာ။ ခင်ဗျား အနာဂတ်အကြောင်းကို တွေးကြည့်ဖူးလား? အထက်တန်းကျောင်းတက်ဖို့၊ ကောလိပ် တက်ဖို့ ဆိုတဲ့ အဓိပ္ပာယ်ကို တွေးကြည့်ဖူးလား? တစ်နေ့ကျ အလုပ်ရှာပြီး ငါအလုပ်မှ ရပါ့မလား အဆင်မှ ပြေပါ့မလား ဆိုပြီး မရေရာတဲ့ ခံစားချက်မျိုး ဖြစ်ဖူးလား? ကျွန်တော်ကတော့ အဲ့လို ခံစားချက်မျိုး ဖြစ်ဖူးတယ်။ မသင်မနေရ ပညာရေးကို ကျွန်တော် သင်ကြားတတ်‌မြောက်ပြီး အထက်တန်း ကျောင်း တက်ရတဲ့အချိန် ရောက်တော့၊ ဘာတွေမှန်း မသိတော့ဘူး။ ကျွန်တော့်ရဲ့ မဖြစ်မနေ သင်ရမဲ့ "တာ၀န်ကြီး" ပြီးဆုံးသွားလို့ ပျော်နေတဲ့ ခံစားချက်ပဲ ရခဲ့တာ။ အဲ့ဒီအချိန်က ကျွန်တော့်ရဲ့ ဘ၀နဲ့ အနာဂတ်ကို တဖြေးဖြေးနဲ့ သက်ရောက်နေတယ် ဆိုတာ ကျွန်တော် သတိမထားမိဘူး။ ကျောင်းမှာ ဘာလို့ ဂျပန်စာတွေ၊ သင်္ချာတွေ ကို သင်နေရလဲ ဆိုတဲ့ အဓိပ္ပာယ်ကိုတောင် ကျွန်တော် နားမလည်တော့ဘူး

editor-pick
Dreame-Editor's pick

bc

Inferno Demon Riders MC: My Five Obsessed Bullies

read
553.6K
bc

The Bounty Hunter and His Wiccan Mate (Bounty Hunter Book 1)

read
101.4K
bc

Three Alpha Bikers Wants An Open Marriage(An Erotic Paranormal Reverse Harem)

read
89.0K
bc

The Abandoned Luna's Return

read
1K
bc

Tis The Season For My Revenge, Dear Ex

read
73.4K
bc

Mistletoe Miracle

read
7.2K
bc

The abandoned wife and her secret son

read
3.2K

Scan code to download app

download_iosApp Store
google icon
Google Play
Facebook